7

226 21 0
                                    

မေတ္တာသက်ဝင်ခြင်းတဲ့..
ဒေါ်မြဝါဆိုသိလေမလား။
ချစ်သူရည်းစားမရှိဖူးတဲ့ထိုအမျိုးသမီးအားမေတ္တာသက်ဝင်ခြင်းခေါင်းစဥ်အောက်ဆွဲခေါ်မိချင်လေသည်။

'ဖြူဖြူစင်စင်'

'ပုလဲလေးတွေကိုမှချစ်တယ်လို့သူကဆိုလာစဥ်..'

'ပုလဲလေးတွေဆိုတာကမာကောင်လေးတွေရဲ့မျက်ရည်ဘဲ..ခင်..'

'ဒါကြောင့်သာပင်..လည်မှာမဆွဲစမ်းပါနဲ..ခင်'

ဒေါ်မြဝါဆိုကသီချင်းအားငြီးရင်းပန်းပင်းများအားဖြန်းဘူးတစ်ဘူးဖြင့်ဖြန်းနေလေသည်။

နွေခတ်မောင်မှာမနက်၈နာရီဒေါ်မြဝါဆိုတို့ဆိုင်ဖွင့်သည်နှင့်ရောက်နေလေပြီ။
မနက်ခင်းအားဒေါ်မြဝါဆို၏လက်ရာကော်ဖီတစ်ခွက်နှင့်စတင်သည်။ဒေါ်မြဝါဆို၏အပြုံးချိုချိုတို့အားငေးသည်။

ဦးခင်မောင်တိုး၊ဦးထိီး၊ဦးငှက်တို့အားသဘောကျသည့်ဒေါ်မြဝါဆိုကြောင့်ထိုသီချင်းများအားနွေခတ်သဘောကျတတ်နေလေပြီ။

"နွေခတ်..မင်းဆိုင်မဖွင့်ဘူးလား.."

"ဖွင့်မှာ​လေ...အန်တီ့ကို
ကြည့်လို့မဝသေးလို့...."

"ဟင်း.."

ထိုစကားကြောင့်သက်ပြင်းသံသဲ့သဲ့အားချမိလေသည်။
ဤသို့စကားပြောရင်ရင်ခုန်သည်ကိုသူမမသိလေသလား။
သိသားနှင့်ပြုစားနေသည်လား။

"အန်တီ.."

"ဟင်.."

"ဒီနေ့တစ်ပတ်ပြည့်ပြီနော်..ကျွန်မအန်တီ့ကိုချစ်ရေးဆိုထားတာ.."

"အော်..အင်း..ဘာဖြစ်လို့လဲ.."

"မပိုင်သေးရင်တောင်..ဒေါ်မြဝါဆိုရဲ့ဆိုင်သူဖြစ်ချင်တယ်...အန်တီ..ကျွန်မကိုအပိုင်ယူထားပါလား.."

"အိုကွယ်.."

ရှက်၍မူပိုနေသောအမျိုးသမီးအားကြည့်ရင်းနွေခတ်မှာသဘောတကျ။
ဝင့်ဝါမှာဆိုင်သို့မရောက်သေးသောကြောင့်တော်သည်ဟုဆိုရမည်။
မဟုတ်ရင်ထိုကလေးမနှင့်နွေခတ်အပြုအမူများနှင့်ခက်ပေမည်။

ရိသဲ့သဲ့စကားများအားမီးလောင်ရာလေပင့်သလိုဝင့်ဝါကစနောက်လျှင်ဒေါ်မြဝါဆိုကပိုရှက်ရသည်။

ရင်ခုန်ခြင်းအစ..ဒေါ်မြဝါဆိုက..♥Where stories live. Discover now