3

239 19 0
                                    

"နွေခတ်...ဘယ်သွားမလို့လဲ..သမီးလေး.."

"အပြင်ခဏသွားမလို့..ကြီးကြီး.."

"နေ့လည်စာမစားဘူးလား..ကြီးကြီးကထမင်းဝိုင်းပြင်မို့လုပ်နေတာ.."

"သမီးပြန်ရင်စားမယ်..ကြီးကြီး..ဆိုင်ခန်းကိစ္စအတွက်ချိန်းထားလို့..."

"အင်း..အင်း..သမီး..ကားကိုဂရုစိုက်မောင်းကွယ်.."

"ဟုတ်..ကြီးကြီး.."

ချမ်းသာသည့်အသိုင်းအဝိုင်းကဖြစ်ပေမဲ့
မိဘမဲ့ဖြစ်သည့်အတွက်အမေ့၏အစ်မဖြစ်သူကြီးကြီးသာတွယ်တာစရာရှိ၏။

သို့ပေမဲ့"မြဝါဆို"ဟူသောအမျိုးသမီးထပ်တိုးလာပြီထင်ရဲ့။

စီးပွားရေးနှင့်ကျောင်းပြီးထားသည်ဖြစ်၍
Companyကောင်းကောင်းတစ်ခုတွင်အလုပ်မလျှောက်လျှင်အဖေဖြစ်သူထားခဲ့သည့်နိုင်ငံခြားရှိCompanyတွင်ဦးစီးလျှင်ပြဿနာမရှိ။

ထိုသို့သောအရာများအားမမက်မောသေ
နွေခတ်မောင်သည်အဖေ့လိုကုမ္ပဏီစီအီးအိုမဖြစ်ချင်။အမေ့လိုဆရာဝန်လည်းမဖြစ်ချင်။

ကော်ဖီဆိုင်လေးဖွင့်မည်။ဘဝကိုတည်တည်ငြိမ်ငြိမ်သာဖြတ်သန်းချင်သည်။တည်ငြိမ်သည့်ဘဝထဲတွင်ဒေါ်မြဝါဆိုပါမည်ပေါ့။

"ဒေါ်မြဝါဆိုရယ်..ရူးအောင်များပြုစားနေသလား.."

ဆိုင်အပြင်ဘက်ရှိပန်းအိုးများရှိပန်းပွင့်များကိုဖြန်းဆေးတစ်ဗူးနှင့်ဖြန်းနေသောပန်းပျိုးသူ။
နှုတ်ခမ်းဖျားရှိသံစဥ်တစ်ချို့ကိုဆိုငြီးနေဟန်။

မြန်မာဝတ်စုံသာဝတ်တတ်သည့်ဒေါ်မြဝါဆို၏ဆံနွယ်များကဖြောင့်စင်း၍ခါးထိရှည်လျက်။

ဒေါ်မြဝါဆိုနမ်းရှိုက်တဲ့ပန်းတစ်ပွင့်မဟုတ်တောင်ဆံနွယ်မှာနေရာယူထားတဲ့နှင်းဆီပန်းလေးဖြစ်ချင်ပါရဲ့။

"မပြန်သေးဘူးလား..ညီမ.."

"..."

"ညီမနွေခတ်.."

"ရှင်.."

လက်မောင်းသို့ကိုင်လှုပ်ကာပြောသည့်သူသည်​နွေခတ်ဝယ်လိုက်သည့်ဆိုင်ခန်း၏ပိုင်ရှင်ဖြစ်သူ။

ရင်ခုန်ခြင်းအစ..ဒေါ်မြဝါဆိုက..♥Where stories live. Discover now