4

239 22 1
                                    

"အဖေ..မြ..ဒီနေ့မုန့်ဟင်းခါးလေးချက်ထားတယ်.."

တုတ်ကောက်တစ်ခုနှင့်လမ်းလျှောက်ရာမှပြန်လာသောအဖေ့အားထိုင်ခုံတွင်ထိုင်စေ၍ပြောလိုက်သည်။

၆၃နှစ်အရွယ်ရှိမြအဖေဦးအောင်ကောင်းကဆံသားများဖြူနေပြီဖြစ်ပေမဲ့ချောတုန်းခန့်တုန်း။

"ငါ့သမီးရယ်ပင်ပန်းကပင်ပန်းနဲ့...ဖေ့အတွက်ပေါင်မုန့်နဲ့ကော်ဖီဆိုရပါတယ်.."

"အဖေ့ကိုမုန့်ဟင်းခါးမချက်ကျွေးရတာကြာပြီလေ.."

မုန့်ဖတ်တို့အားထည့်ပေး၍ဟင်းရည်အားခပ်ပေးရန်ပြင်ရသည်။

"သမီး..."

"ရှင်.."

"အဖေ့အနေနဲ့ဒီစကားပြောရမှာ..အင်း..နည်းနည်းတော့.."

"အဖေ..ရပါတယ်...မြကိုဘာပြောမလို့လဲ.."

အဖေကစကားအားရပ်၍တစ်ခုခုစဥ်းစားနေဟန်ကြောင့်မြဝင်ထောက်လိုက်ရသည်။

"ငါ့သမီး..လက်တွဲဖော်လေးများရှာမတွေ့သေးဘူးလား.."

"ရှင်..."

"အဖေလေ..သမီးကိုအိမ်ထောင်တစ်ခု..မိသားစုတစ်ခုနဲ့မြင်ချင်ပြီကွဲ့..."

"အဲဒါက..မြမှာချစ်သူမရှိသေးဘူး..အဖေ.."

"သမီးအမေရှိတုန်းက..မိန်းမချင်းမို့လို့ဒီလိုကိစ္စတွေပြောလို့ရပေမဲ့..အဖေက.."

"မဟုတ်တာ..အဖေရယ်..."

"အဖေလည်းအသက်ကြီးလာပြီကွဲ့....သမီးကိုအိမ်ထောင်တစ်ခုနဲ့စိတ်ချချင်ပြီ.."

မြမည်သည့်စကားမျှမဆိုဖြစ်။
ဟိုရွှေအိုရောင်လေး။
အို..မြမိန်းမသားတစ်ယောက်ပေါ်မည်သို့တွေးနေသနည်း။
မတွေးသင့်ပါဟုသန္တိဌာန်ချထားကာမှအတွေးထဲသို့တစ်ဖြတ်ဝင်ရောက်လာပြန်သည်။

"ဝင့်ဝါ..မင်းမလဲ..တစ်နေ့နေ့ရိုက်လိုက်တဲ့ဓာတ်ပုံ.."

ကောင်တာမှပိုက်ဆံများအားရေတွက်နေရင်း..နှင်းဆီပန်းတို့နှင့်ဓာတ်ဖမ်းနေသည့်
ဝင့်ဝါအားလှမ်းပြောသည်။
ဝင့်ဝါကမြဆိုင်စစဖွင့်ကတည်းကအလုပ်လုပ်လာသူမလို့တူမအရင်းတစ်ယောက်လိုပင်ခင်မင်မိလေသည်။

ရင်ခုန်ခြင်းအစ..ဒေါ်မြဝါဆိုက..♥Where stories live. Discover now