6

246 23 0
                                    

ဒေါ်မြဝါဆိုကြိုက်တဲ့အရာတွေထဲမှာအဓိကကတော့ကော်ဖီပူပူလေးရယ်၊ဒေစီဖြူဖြူတွေရယ်ပေါ့။

နွေခတ်ဖွင့်ပြောပြီးနောက်ပိုင်းဒေါ်မြဝါဆိုကိုဆိုင်တွင်မတွေ့ရတော့။
သုံးရက်ရှိလေပြီ။ဆိုင်ကိုလည်းဝင့်ဝါနှင့်သာအပ်ထားသည်တဲ့။

နွေခတ်ကနီးဖို့ကြိုးစားနေသည်ကို
ဒေါ်မြဝါဆိုကဝေးဖို့အကြောင်းဖန်နေသည်လား။

မိုးရာသီဖြစ်သည်ကြောင့်ဘယ်နေရာသွားသွားထီးတစ်လက်တော့ဆောင်ထားရသည်။
မိုးဖျော့ဖျော့များကကျလာလေပြီ။
ဒေါ်မြဝါဆိုကမိုးရာသီကိုလည်းသဘောကျသည်တဲ့။

ဒေါ်မြဝါဆို၏တိုက်ပုလေးရှိခြံလေးရှေ့တွင်ထီးကိုင်၍ရပ်စောင့်နေသည်မှာအချိန်တစ်ခု။

'သနားပြီးတော့ဖြစ်ဖြစ်..တွေ့ခွင့်ပေးရင်ကောင်းမယ်..ဒေါ်မြဝါဆိုရယ်..တကယ်..ကျွန်မရှင့်ကိုလွမ်းတယ်..'

အဆက်မပြတ်ခေါ်နေသောဖုန်းလေးသည်ဒေါ်မြဝါဆို၏နံပါတ်လေးပင်။
ကိုင်သူမဲ့နေသည့်အတွက်သူမစိတ်သည်မှိုင်းညို့ညို့ဖြစ်လာလေသည်။

"ဟေ့..ဟိုမိန်းကလေး..မိုးရွာကရွာနဲ့...အိမ်ထဲမဝင်ဘဲဘာလုပ်နေတာလဲ..."

တုတ်ကောက်နှင့်လူတစ်ယောက်။
ဝင့်ဝါပြောပုံအရဒေါ်မြဝါဆိုရဲ့အဖေ။
မိနစ်အစိတ်လောက်ရပ်နေရသည့်အကျိုးကျေးဇူးကြောင့်သူမဒေါ်မြဝါဆိုအိမ်ထဲဝင်လို့ရခဲ့လေပြီ။

"ဟုတ်..အဖေ..."

သူ့အားကောက်ကာငင်ကာ"အဖေ"ဟုထခေါ်သောထိုကလေးမကြောင့်
ဦးကောင်းမြတ်နိုင်မှာကြောင်တောင်တောင်ပင်ဖြစ်သွားလေသည်။

"မြရေ...မြ...ဒီမှာသမီးဧည့်သည်ရောက်နေတယ်.."

"ဟုတ်..အဖေ..မြထွက်ခဲ့မယ်.."

"မင်း..မင်း..နွေခတ်မောင်.."

သူမအားမြင်၍ထိတ်လန့်သွားသည့်ဒေါ်မြဝါဆိုပုံစံကချစ်စရာအတိ။

"သမီးလေး..ဧည့်သည်နဲ့​အေးဆေးစကားပြော..
အဖေလမ်းထိပ်ကလက်ဖက်ရည်ဆိုင်ထွက်အုန်းမယ်..."

"ဟာ..အဖေကလည်း..မိုးအဲလောက်ရွာနေတာကို.."

"ချမ်းစိမ့်စိမ့်နဲ့တရုတ်ကြီးရဲ့ပေါ့ဆိမ့်လေးသောက်ချင်လို့ပါ.."

ရင်ခုန်ခြင်းအစ..ဒေါ်မြဝါဆိုက..♥Where stories live. Discover now