Episode - 1

1.8K 24 3
                                    

နွေညရဲ့လမင်း🤍

Episode - 1

ကျွန်တော် အလုပ်ကိစ္စနဲ့ကော်ဖီဆိုင်တစ်ခုမှာ တစ်ဖက်လုပ်ငန်းနဲ့ဆွေးနွေးအပြီး ကျွန်တော့်တို့ထိုင်တဲ့နေရာရဲ့ မျက်စောင်းထိုးနေရာလေးမှာထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ကိုသတိထားမိလိုက်တယ်။ အဲ့မိန်းကလေးနဲ့အတူ သူငယ်ချင်းဖြစ်ဟန်တူတဲ့အခြားမိန်းကလေးနှစ်ဦးလည်း အတူထိုင်ပြီးစကားပြောနေကြသည်။ အခြားနှစ်ယောက်က စကားတွေပြောနေကြပေမယ့် ကျွန်တော်သတိထားမိတဲ့မိန်းကလေးက တုန်ရီနေသယောင်ပင် သူမရဲ့လက်တစ်ဖက်ကလက်သီးကိုကျစ်နေအောင်စုတ်ထားပြီး အခြားလက်တစ်ဖက်ထိန်းထားသည်။ သူမကိုကြည့်ရတာ တစ်ခုခုကိုဖွင့်ထုတ်ပြောချင်ဟန်လည်းရှိသည် ဒါပေမယ့် ပြောသင့်မပြောသင့် အတွေးများပြီး ထိန်းချုပ်နေဟန်ရှိသည်။ သူမကိုကြည့်ရတာ အကူအညီလိုနေပုံပင်။ ကျွန်တော် အလုပ်ကိစ္စအတွက်လာတာမှန်ပေမယ့် ဘာတွေကြုံနေရမှန်းမသိတဲ့ ထိုမိန်းကလေးကိုကူညီချင်မိသည်။

"ဟဲ့ နွေ နင်ကလည်း ဘာမှဝင်မပြောဘူး ငါတို့ပဲပြောနေရတယ် သူငယ်ချင်းတွေမတွေ့ရတာကြာလို့တွေ့ပါတယ်ဆိုနေ ဝစီပိတ်လာကျင့်နေတယ် ဟွန့်"

"အေးလေ ဟုတ်တယ်"

နွေ့ကို နွေ့သူငယ်ချင်းနှစ်ယောက်က စိတ်ဆိုးနေကြပြီးထင်ပါရယ့်။ နွေ့မှာလည်းနွေကြုံနေရတဲ့ကိစ္စကြီးကိုပြောပြပြီးအကူအညီတောင်းရင်ကောင်းမလား တွေးနေရတာနဲ့ ဘာမှမပြောဖြစ်ခဲ့ခြင်းပါ။

"မဟုတ်ပါဘူး ငါအတွေးများသွားလို့ပါ"

နွေတို့လည်း ဆိုင်ထဲကပြန်ထွက်လာလိုက်ကြသည်။ နွေလည်း နွေ့အိမ်ကိုပြန်ရမည့်ကားလာမယ့် မှတ်တိုင်စီလျှောက်လာခဲ့လိုက်သည်။

ဟင် ဒါဟိုမိန်းကလေးပါလား။ မျက်နှာကညှိုးငယ်နေပါလား။ ဘာဖြစ်တာလဲလို့မေးပြီး ကူညီမယ်ပြောရအောင်ကလည်း မရင်းနှီး တစ်မျိုးထင်သွားလည်းစိုးရသည်မလား။

.............

ခြံထဲဝင်လာလိုက်သည်နှင့် နွေ့တစ်ကိုယ်လုံးကိုဝါးစားမတတ်ကြည့်နေသည့် နွေ့အဒေါ်ရဲ့ယောက်ျားတဏှာရူးကကြည့်နေသည်။ နွေသိပ်ရွံတာပဲ နွေဒီလိုအကြည့်မခံချင်ဘူး။ နွေပြန်ပြောပစ်ချင်သည် မကြည့်နဲ့မကြိုက်ဘူးလို့။ နွေဒီလိုနေရတာကို သိပ်မုန်းတီးရွံရှာမိသည်။

နွေညရဲ့လမင်း 🤍 (Completed)Where stories live. Discover now