Episode - 5

600 12 0
                                    

နွေညရဲ့လမင်း 🤍

Episode - 5

လမင်းမောင်တစ်ယောက် မထစဖူး မနက်အစောကြီးထပြီးပြင်ဆင်နေတော့ မအေလုပ်သူက.....

“အယ်... သားကစောစောစီးစီး ဘာလုပ်မလို့လဲ”

“ဗျာ ဟိုလေ ဘုန်းကြီးကျောင်းသွားမလို့”

“အစောကြီးပါ သားရယ့်”

“အာရုံကပ်မှာ‌မလို့ဗျ သားသွားတော့မယ် အမေ”

“ဟယ် ဘယ်သူတုန်းသားရယ့်”

“အဟဲ အမေ့ချွေးမလောင်းလေး”

“အဲ.....တော့..”

ပြောပြောပြေးပြေး သွားလေတော့သည်။

..............

နွေတို့သားမိလည်းချက်ပြုတ်ပြင်ဆင်လို့ပြီးကြပြီပင်။

“သမီးရေ သွားကြမယ်လေ”

“ဟုတ် မေမေ”

ဟွန့် လာမယ်ဆိုပြီးလာလည်းမလာဘူး။

မြန်မြန်လျှောက်လားရင် ‌သူမလေးတို့အိမ်ရှေ့ရောက်တော့ ဒီတိုင်းဝင်သွားလို့က မိန်းမသားနှစ်ယောက်ထဲနေတဲ့အိမ်ဆိုတော့ မသင့်ဘူးမလား။ အော်ခေါ်ရကောင်း အဲ့လိုကျတော့လည်း အသံကျယ်ကြီးမဖြစ်ပြန် သူအိမ်ကိုလှမ်းကြည့်ရင်း ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း နွေ့အမေကထွက်လာသည်။

“ဟယ် သား ဝင်လေကွယ်”

“ဟုတ် အန်တီ သားမခေါ်ရဲလို့”

“အေးကွယ် အန်တီလည်းအိမ်ရှေ့ကအရိပ်တွေ့လို့ ထွက်ကြည့်တော့ သားဖြစ်နေတာ သွားကြမယ်လေ”

“ဟုတ်ကဲ့ဗျ”

ထိုမှ ဆူပုတ်ပုတ်နှင့်သူမလေးကထွက်လာသည်။ သူနောက်ကျသည်ထင်သလားပဲ။

ဘုန်းကြီးကျောင်းရောက်တော့ ဆွယ်ကပ်ကြသည်။ အားလုံးပြီးစီးတော့ ဘုရားပေါ်တက်ပြီး ကန်တော့ကြသည်လေ။

“အမိ ကျွန်တော်လေ မနက်ကအစောကြီးရောက်တာပါဗျ”

“ဘာလို့ ဝင်မလာတာလဲ”

“မိန်းမသားနှစ်ယောက်ထဲဆိုတော့ မသင့်တော်မှာဆိုးလို့ပါ”

အို.... သူကနွေ့ထက်တောင် တွေးတတ်တာပင် နွေကဖြင့်စိတ်ဆိုမိနေသေးတာ ဒီလိုကျ...။

နွေညရဲ့လမင်း 🤍 (Completed)Where stories live. Discover now