Episode - 3

626 15 0
                                    

နွေညရဲ့လမင်း🤍

Episode - 3

ဒီနေ့ အလုပ်ဆင်းတာနောက်ကျသည်။ နွေတို့ဘက်သွားတဲ့ နောက်ဆုံးကားမှီ၍သာ တော်သေးသည်။ ကားကလည်းဖြစ်ချင်တော့ နွေတို့စီမရောက်ခင် တစ်မှတ်တိုင်မှာတင် ဂိတ်ဆုံးသည်။ နွေ လမ်းလျှောက်ရတော့မှာပေါ့ ညဉ့်ကနက်တော့ ကားကရှာပြီမလား။

"ဟိတ် ရှေ့ကနတ်သမီးလေးလား"

"ဟင်! ဘုရား ဘုရား"

နွေ လန့်သွားရသည်။ ရှေ့ဆက်လျှောက်ရမှာကလည်း ဝေးသေးသည်။ အရက်မူးသမားတွေပင် နွေကြောက်သည်။ သူ... သူရောက်လာရင်ကောင်းမည်။ နွေမြန်မြန်လျှောက်ရင်း ဆုတောင်းမိသည် ကူညီမယ့်သူတွေ့ပါစေ။

"ပြေးလို့ လွတ်မှာလား"

"ဒီမယ် ရှင်တို့ဆက်လိုက်မလာနဲ့နော်"

နွေ ကြောက်စိတ်ကိုထိန်းပြီး ပြန်ပြောပစ်လိုက်သည်။

"ညဉ့်နက်နေပါပြီကွာ ဒီချိန်မှထွက်တယ်ဆိုထဲက ကိုကြီးတို့ကသိပြီးသား ဘယ်လောက်ပေးရမလဲသာပြော"

ဒီလူတွေဟာ နွေ့ကိုမကောင်းတာလုပ်စားတဲ့သူထင်နေကြပုံပင်။ ကူညီမယ့်သူသာပေါ်မလာရင်.. အို... နွေ့ဘဝတော့မတွေးရဲစရာ လမ်းကလူပြတ်သည်။ နွေကြောက်ပါသည်။

လမင်းမောင် ကားယူပြီးထွက်လာတော့ ‌နွေဦးငယ်ကနောက်ဆုံးကားနှင့်ပါသွားပြီတဲ့။ သူတွေးထားတာက ဒီညတော့ ညဉ့်နက်လို့သူနဲ့အတူခေါ်သွားမည်ဟူ၍ပင်။ သူမလေးကဘယ်ချိန်လွတ်ထွက်သွားသည်မသိ။ ကားမောင်းလာရင်း လူတစ်စုက မိန်းကလေးတစ်ယောက်ကိုနှောက်နေသည့်ပုံပင်။ ဟုတ်သည် သူသေချာကြည့်တော့မှ နွေဦးငယ်ပင်။ သူ့ကားကိုအမြန် အနားရောက်အောင်မောင်းသွားလိုက်ပြီး....

နွေဦးငယ်!

ဟင်! သူပါလား ကားကိုရပ်ပြီး နွေတို့နားပြေးနေခြင်းပင်။ သူ့အသံကဟိန်းထွက်သွား၍ထင်သည် နွေ့ကိုလိုက်နှောက်ယှက်တဲ့အုပ်စုလည်း ပြေးသွားသည်။

"နွေဦးငယ် ခင်များဟာလေ စေတနာနဲ့မတန်ဘူး ခုကျွန်တော်မြင်လို့လာလို့ပေါ့ မဟုတ်ရင်ခင်များဘာဖြစ်မယ်ထင်လဲ ဟမ်"

နွေညရဲ့လမင်း 🤍 (Completed)Where stories live. Discover now