Episode - 4

600 14 0
                                    

နွေညရဲ့လမင်း🤍

Episode - 4

"ရောက်ပြီ အမိ"

"ရှင် ဟုတ် ဟုတ်ကဲ့"

ကားပေါ်မှာအိပ်ပျော်သွားတာပင်။ ရှက်လိုက်တာ နွေ့အိမ်ရောက်တာတောင်မသိဘူး။

ကားပေါ်ကနေ ရှက်ရှက်နဲ့ဆင်းသွားတဲ့သူမကိုကြည့်ရင်း သူပြုံးမိသည်။

"ဟို... ကျေးဇူးပါရှင့်"

"ရပါတယ်ဗျ ဒါဆို ကျွန်တော်သွားပြီနော်"

အဟားး... အိပ်ပုတ်လေး ခိုးနမ်းခံရတာတောင်နည်းသေးတယ်။ မင်းလေးကကွာ တကယ်အသဲယားစရာလေး။

...............

ဒီနေ့တော့ နွေ လမ်းထိပ်ကိုအစောကြီးကြိုထွက်လာတာ သူ့ကိုအားနာလို့လေ။

အိမ်ကထွက်လာရင်း လမ်းထိပ်နားရောက်တော့ ဟော တွေ့ပါပြီ ကျွန်တော့်မြတ်နိုးရာလေး။

"အမိက ရောက်နေပြီပဲ"

"သူ့ကိုအားနာလို့လေ စောစောထွက်လာတာ"

ကားလေးလည်း အလုပ်စီဦးတည်မောင်းနှင်လာလိုက်တော့သည်။

"အမိ တက်နှင့်ဗျာ ကျွန်တော်လုပ်စရာလေးရှိလို့ နောက်မှလိုက်လာခဲ့မယ်"

"ဟုတ်ကဲ့ရှင့်"

သူလည်း ဟိုဘက်ထွက်သွားတော့ နွေလည်းဓာတ်လှေကားရှိရာလာလိုက်သည်။

"နွေ ရောက်လာပြီပဲ"

"ဟုတ်ကဲ့ မစိုး"

"ဒါနဲ့ အဖွဲ့မှူးလမင်းမောင်ရော"

"သူက ခဏနေမှတက်လာမယ်တဲ့ လုပ်စရာရှိလို့ဖြစ်မယ်"

"ဟုတ်မယ် ဘာရယ်မဟုတ်ပါဘူး မစိုးကဒီဖိုင်ပေးမလို့ ပြီးတော့ ခွင့်ယူမလို့ အိမ်ကသားလေးမွေးနေ့ဆိုတော့လေ သွားစရာလေးရှိလို့.."

"ဟုတ်မစိုး နွေ့ကိုပေးခဲ့လေ ကိုလမင်းမောင်လာရင် နွေပေးလိုက်ပါ့မယ်"

"ကျေးဇူးပါနွေရယ် ဒါဆို သွားပြီနော်"

"ခဏ မစိုး ဒီမှာ..."

"ဟင် သကြားလုံးလေးတွေ"

"ဟီး ဟုတ် နွေကကြိုက်လို့လေ မွေးနေ့ရှင်လေးအတွက်ပါ နွေနောက်မှအရုပ်ကလေးဖြစ်ဖြစ်ထပ်ဝယ်ပေးမယ်နော်"

နွေညရဲ့လမင်း 🤍 (Completed)Where stories live. Discover now