Extra part

904 17 2
                                    

နွေညရဲ့လမင်း 🤍

Episode - 8 (extra part)

"မောင်ရေ မပြီးသေးဘူးလား"

မင်္ဂလာပွဲက အချိန်နီးနေပါပြီဆို မောင်တစ်ယောက်တော့ မောင့်သတို့သမီးကပိတောက်ပန်ရမယ်ဆိုပြီးလေ ပိတောက်တွေတက်ခူးကာ နွေတို့အကုန်ပြီးပေမယ့် မောင်ကရေချိုးဘာညာနဲ့ကြာနေတာ ခုထိ မပြီး။

"မောင်ရေ.. မောင့်.."

ဟွန့် ဆင်းလာပုံက အင်္ကျီကျယ်သီးကဆုံအောင်မတပ်ရသေး မနေနိုင်ပဲ နွေပါကူတပ်ပေးရသည်။ ဧည့်သည်တွေကစုံနေပြီ ဘုန်းကြီးကလည်းတရားဟောတော့မှာကို မောင်ကခုမှအခန့်ထဲကထွက်လာရသည်လေ။

"မောင့်မိန်းမလေးစီက ပိတောက်ပန်းနံ့မွှေးနေတာပဲ"

"ဟွန့် မွှေးမှာပေါ့ မောင်ကိုယ်တိုင်ခူးပြီးပန်ပေးထားတာလေ"

"ဟားဟား ဟုတ်ပါ့ဗျာ ကဲ.... မောင့်လက်ကိုတွဲ.. သွားကြမယ်နွေ"

မောင်ကလက်ကမ်းတော့ နွေလည်းမောင့်လက်ကိုချိတ်ပြီး လိုက်လာလိုက်သည်။ ပိတောက်ရနံ့တွေသင်းပျံ့နေတဲ့ ဒီမင်္ဂလာဆောင်ဟာ မောင်နဲ့နွေ့အတွက် ဘယ်တော့မှမမေ့နိုင်စရာ ကြည်နူးဖွယ်အမှတ်တရပါ။

...........

မိသားစုစုံစုံလင်လင် ရှိနေကြတုန်း နွေကညစာအတွက်ချက်ပြုတ်ဖို့ မီးဖိုးခန်းထဲဝင်လာတောာ့ မောင်လည်းကူလုပ်ပေးမယ်ဆိုပြီး ကပ်လိုက်လာသည်လေ။

"နွေ.. မောင့်ကိုနမ်းပါဦး"

"အို.. မောင်နော် လူကြီးတွေနဲ့ကလေးတွေရှိတယ်လေ"

"ဘာဖြစ်လဲဗျာ မိန်းမနမ်းတာခံချင်လို့ပေါ့"

"မောင် သိပ်ကဲတာပဲ"

"အာဘွား မွက်!"

မောင်ကပြုံးစစနဲ့ ရှေ့တိုးလာကာ ဟင် မောင်ဘာလုပ်.... အွန့်... အင့်... မောင့်... အနမ်းတို့ဟာကြာရှည်လှသည်။ အိမ်ရှေ့မှာ TVကြည့်ရင်းမုန့်စားနေကြသည့် မောင့်မိဘ နွေ့မေမေ သားနဲ့သမီးတို့ရှိသည်ကိုလေ မောင်တကယ်ကဲပါသည်။ နွေ့ခန္ဓာကိုယ်ကို မောင့်လက်တွေကပွတ်လာသည်။ ဒါတော့မရပါ အိမ်ရှေ့ကလူတွေဝင်လာရင်တွေ့သွားမည်လေ။ စကားပြောလို့လဲမရ နမ်းနေသည့်မောင်ဟာအရှိန်မပြတ်ပါ နွေမောင့်နှုတ်ခမ်းကိုကိုက်ပြီးရပ်ရုံမှလွဲ၍မတတ်နိုင်ပါ။

"အာ့... နာတယ်.. နွေရ.. မောင့်ကိုကိုက်တယ်ပေါ့လေ"

"မောင်နော် ကူမလုပ်ရင်နေ မရှုပ်နဲ့"

"ရတယ် ညမှတွေ့မယ် နာတယ်အော်ရမှာ မောင်တော့မဟုတ်ဘူးနော် နွေ"

မျက်စောင်းထိုးပြီး ‌သူ့ကိုမကြည့်တော့ပဲ တစ်ဖက်လှည့်ပြီး အသီးအရွက်တွေခြွေနေသည့် နွေ့ပုံက အူယားစရာပင်။

"ဟိုအရင်တွေ နွေအော်တာ မောင်သိပ်နားဝင်ချိုတာပဲ"

မောင်ကတော့ အရှက်မရှိလိုက်စနေပြန်ပြီ။

"မောင့်... ကလေးဖြင့်နှစ်ယောက်ရနေပြီ မရှက်ဘူးလား"

"နောက်တစ်ယောက်ထပ်ယူကြမလား ဒီညပဲမောင်ကြိုးစားပါ့မယ် ဖြစ်နိုင်ရင်ခုတောင်.."

"တော်ပြီနော် မောင်ဆက်မပြောနဲ့ ပြောလေကဲလေ ဘယ်လိုလူမှန်းမသိဘူး"

"မောင်က နွေ့ယောက်ျားလေ"

တကယ်ပါ ပြန်ပြောနေရင်ပြီးမယ်မထင်.. ဘယ်လိုလူမှန်းမသိဘူးဆိုတာနဲ့ နွေ့ယောက်ျားဆိုပြီးပြန်ချေတာ တကယ် ကုတ်ဖဲ့ပစ်ချင်စရာ။

"နွေ မောင့်ကို ကုတ်ဖဲ့ချင်နေပြီထင်တယ် အဟဲ ညမှအဝကုတ်..."

"မောင့်!"

တကယ်ပါ နွေ့စိတ်ထဲကဟာတောင်သိသည်လားပဲ။

"‌ ဖယ်... မောင်ချက်မယ် နွေကထိုင်ကြည့်နေ"

"ဟွန့်"

"မောင့်မိန်းမလေးကိုလေ မောင်ကဥထားချင်တာ..."

"တော်ပြီ ချက်စရာရှိတာချက်မယ်"

နွေက ချက်တော့ မောင်က မောင်ပဲလုပ်မည်ဆိုပြီးချက်သည်လေ။ ဟွန့်.... ဥပေါ့.. ဥ.. ဥ.. ။

ဥမှာဗျာ မောင့်မိန်းမကို မောင်ကဥပြီးကိုထားချင်တာ...။

ပြီးပါပြီ💛

ကျေးဇူးပါရှင့်❣️

စာဖတ်သူတစ်ယောက်ချင်းစီတိုင်း ပျော်ရွှင်ကြပါစေနော်✨




နွေညရဲ့လမင်း 🤍 (Completed)Where stories live. Discover now