Episode - 7 (final part)

883 14 0
                                    

နွေညရဲ့လမင်း 🤍

Episode - 7

နွေနဲ့မောင်ချစ်သူဖြစ်တာမနှက်ကသင်္ကြန်ကပေါ့ တစ်နှစ်တောင်ရှိပြီ။ မောင်ကနွေ့ကို အရင်တစ်နှစ်ကလိုစမ်းချောင်းနဲ့ပန်းခင်းစီကိုခေါ်လာသည်။ အရင်တစ်နှစ်ကတော့ နွေတို့ကမိတ်ဆွေအဆင့် ခုကတော့ ချစ်သူတွေဖြစ်နေကြပြီလေ။

"မောင့်.."

"ဗျာ.."

"ဒီနေရာလေးကို နွေသဘောကျတယ်သိလား"

"မောင်ရောပဲ အေးချမ်းတယ်လေနွေရယ်"

မောင့်ရင်ခွင်ထဲ‌မှာနွေ့ကိုဖက်ထားပြီး ချစ်စကားတွေပြောနေသည့်မောင် သိပ်ကြည့်လို့ကောင်းလှပါသည်။ မောင့်အပြုံး မောင့်ရယ်သံ မောင့်မျက်ဝန်းညို အို... မောင့်ကိုနွေမြတ်နိုးမိသည် စွဲစွဲလမ်းလမ်းကိုရယ်ပါလေ နွေတခါမှမချစ်ခဲ့ဖူးပါ မောင်သည်သာပထမဆုံး မောင်ကနွေ့အချစ်ဦးပါ။

"နွေ... နွေ့ကိုလေ မောင့်မိဘတွေနဲ့တွေ့ပေးချင်တယ်"

"နွေကြောက်တယ် မောင် နွေ့ကိုသဘောကျပါ့မလားဟင်"

"နွေကကွာ မဟုတ်တာတွေတွေးနေပြန်ပြီ"

"မောင့်ချစ်မြတ်နိုးရသူကို မောင့်အိမ်ကလည်းကြည်ဖြူမှာပါ"

အိမ်ကဘယ်လိုပဲဖြစ်ဖြစ် မောင်ဟာ နွေ့ကို လက်လွတ်မခံနိုင်ပါ။ မောင်ကျောင်းတုန်းက မေမီသူ့အပေါ်စိတ်ကစားခဲ့ဖူးတာမှန်သည်။ ခုမှသေချာသိသည် အဲ့တုန်းကအနေနီး၍သာ စိတ်ယိုင်ခဲ့ပုံ။ နွေနှင့်ဘယ်အရာမှယှဉ်မရပါ မောင်ကနွေ့ကို မြတ်မြတ်နိုးနိုးနဲ့ကိုချစ်တာ အဆုံးရှုံးလည်းမခံနိုင်ဘူး မောင်အတ္တကြီးနေမိပြီ နွေရယ်။

................

နွေ စိတ်လှုပ်ရှားနေမိတာအမှန်ပေမယ့် ဘဲလ်ကိုတီးလိုက်သည်။

"လာ နွေ မောင်က ဟင်းကူချက်ပေးနေလို့ နွေ့အကြိုက်တွေချည်းမောင်ချက်ထားတာသိလား အကုန်စားသွားရမယ်နော်"

အို.... ဒီလူသားဟာလေ သိပ်ကိုကြင်နာတတ်တာပဲ။ နွေရင်ဆိုင်ပါမည် မောင့်အတွက်....။

မျက်လုံးရွဲကြီးနဲ့ သူပြောသမျှကိုကြည့်နေသည့်သူမလေး... သူအပျော်လွန်ပြီး သူလုပ်ထားသမျှခြံဝကနေစီးပြောနေတာ အိမ်ထဲခေါ်မှလေ မောင်ကအူကြောင်ကြားဖြစ်နေပြီ နွေရေ။

နွေညရဲ့လမင်း 🤍 (Completed)Where stories live. Discover now