Episode - 2

740 20 0
                                    

နွေညရဲ့လမင်း🤍

Episode - 2

စားဝတ်နေရေးအတွက် အလုပ်လုပ်ရမယ်မလား။ နွေဒီနေ့ အလုပ်လျှောက်ဖို့ထွက်လာမိသည်။ Moon Shine companyတဲ့ နွေinterviewဖို့လာခဲ့သည်။

“ဟင်! ဟိုလူ...”

“ဟာ အမိ”

interviewခန်းထဲမှာ အခြားလူတွေလည်းရှိလျက်နဲ့ ဒီလူဟာ အမိလို့ထအော်တယ် ဟွန်း နွေကအရမ်းပဲအသက်ကြီးပုံပေါက်နေလို့လား အံ့ဩပါရယ့် အမိတဲ့ မုန်းစရာလူ။

ဒီလိုနဲ့နွေ interviewပြီးလို့ထွက်လာခဲ့သည်။ နွေသိရတာက ဟိုလူက အကြီးအကဲပိုင်းထင်ပါရယ့် အဲ့လူနဲ့တော့အတူမလုပ်ချင်ပါ မုန်းစရာလူ။

နွေinterviewအောင်သည်တဲ့လေ နောက်လအစကျရင် အလုပ်သွားရမည်ဖြစ်သည်။

.............

“ကျွန်တော်တို့အဖွဲ့ကိုလူအသစ်တိုးတယ်နော် ”

အို... နွေအမြင်ကတ်သည့်သူနှင့်မှ တစ်ဖွဲထဲဖြစ်ရတယ်လို့ အသဲယားလိုက်တာ....။ ဟွန်း သူကပဲအဖွဲ့မှူးဖြစ်ရသေးသည်။

“ဟုတ်ကဲ့”

“ဒါဆို မိတ်ဆက်ပေးပါဦး”

“ကျွန်မနာမည် နွေဦးငယ်ပါရှင့် အကောင်းဆုံးကြိုးစားပြီးလုပ်ပါ့မယ်”

“ကျွန်တော်ကတော့ ဒီအဖွဲ့ရဲ့အဖွဲ့မှူး လမင်းမောင်ပါခင်ဗျ”

ဒီလိုနဲ့ အဖွဲ့နဲ့မိတ်ဆက်တာပြီးသွား၏။

ဒီနေ့က နွေပထမဆုံးအလုပ်လုပ်တဲ့နေ့ဖြစ်လို့ မသိတာတွေလိုက်မှတ်ရတာတွေစုံနေတာပင်။

............

“သမီးရေ ဒီမှာ ထမင်းချိုင့်”

“ဟုတ် မေမေရေ သမီးသွားပြီနော်”

နွေဦးငယ်လည်း အလုပ်နောက်ကျမှာစိုး၍ ကားဂိတ်ကိုအမြန်ထွက်လာလိုက်သည်။

လမင်းမောင်တစ်ယောက်အိမ်ကနေ အလုပ်ကိုကားမောင်းရင် ကားဂိတ်ထဲမှာ နွေဦးငယ်ကိုတွေ့လေသည်။ သူလည်း ကားရပ်ပြီးခေါ်တင်ရန်ပြင်လိုက်သည်။

“ဟိတ်!”

“ဟင်!”

နွေကားစောင့်နေတာကို အသံကြားရာကြည့်လိုက်တော့ ကားထဲကနေလှမ်းခေါ်နေသည့်သူပင်။

နွေညရဲ့လမင်း 🤍 (Completed)Where stories live. Discover now