Episode - 6

638 12 0
                                    

နွေညရဲ့လမင်း 🤍

Episode - 6

နွေ့ကိုမိန်းကလေးတစ်ယောက်ကခေါ်လာသည် နွေသတိတော့ထားမိသည် ဒီမိန်းကလေးကမောင်တို့စကားဝိုင်းကိုနှုတ်ဆက်လို့ မောင်ကမျက်နှာပျက်ပြီးထွက်လာကာ ပြန်ဖို့ပြောခြင်းပင်။ ဘာရယ်မသိ နွေလည်း ရှေ့ကနေသွားနေတဲ့နောက်လိုက်ရင်း ရေကူးကန်နားရောက်လာသည်။

“ဒီမှာ ဘယ်ထိဆက်သွားမလို့လဲ ဒီမှာပြောလည်းရတာပဲကို”

“အဟွန်း ယူ့သဘောလေ တို့နာမည်ကမေမီသူတဲ့”

“......”

“အင်း တို့က ယူကားလိုက်စီးနေတဲ့ လမင်းမောင်ရဲ့crushပေါ့”

ပထမတစ်ခေါက်တော့ နွေဘာမှမပြောပေမယ့် ခုတော့နွေမျက်နှာပျက်ယွင်းသွားရသည်။ မောင်ရဲ့crushတဲ့လား။

“အဲ့တာ ကျွန်မနဲ့ဘာဆိုင်လို့လဲ”

“ကင်းကင်းနေပါ တို့က တို့လူကိုတို့အနားပြန်ခေါ်ထားတော့မှာ”

“အဲ့တာ ရှင်တို့ကိစ္စလေ”

“တို့ကိစ္စမှန်းသိတာပေါ့ ယူကတို့လူအနားလိုက်ကပ်နေတာမကြိုက်လို့ပြောတာ”

နွေဘာမှဆက်မပြောချင်တော့ပါ နွေလှည့်ထွက်လာလိုက်သည်။ ဒါပေမယ့် နောက်ကနေ မေမီသူဆိုတဲ့မိန်းမလှမ်းပြောသည့်စကားက.....

“ ယူက sexual attackခံရဖူးတယ်ဆို ”

နွေ့မျက်လုံးတွေရဲတက်လာသည်။ ဒါဟာဖိနှိပ်ဖို့မဖြစ်သင့်ဘူးလေ နွေပြန်လှည့်ပြီးပြောပစ်မိသည်။

“ဒါက ကျွန်မကိစ္စ ရှင်နဲ့မဆိုင်ဘူး အာမချောင်နဲ့”

နွေ စွေ့စွေ့ခုန်သွားတာကို သဘောကျသယောင်နဲ့ မေမီသူဆိုတဲ့မိန်းမကပြုံးရယ်နေသည်လေ။

“ခစ်ခစ် တို့က မမှတ်မိမှာစိုးလို့ ပြန်အစဖော်ပေးတာပါ”

“ရှင်ကသိပ်အားတာပဲလား”

“တို့က ယူ့အကြောင်းကိုစိတ်ဝင်စားလို့တော့မဟုတ်ဘူးနော် တို့လူနားကယူ့ကိုမြင်ရတာအဆင်မပြေလို့”

“ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေလေ ပတ်သတ်ရမှာပဲ”

“မရဘူး ယူခေါင်းမာရင် ယူ့အတိတ်ကိုတို့ကမဖုံးထားပေးနိုင်ဘူးနော် ဘာတဲ့ sexual attackလည်းခံရဖူးတယ် သိပ်ရိုင်းတယ်လို့လည်းကြားတယ် ဘယ်လို..အဒေါ်ရဲ့ယောက်ျားကဆိုလားပဲ ခစ်ခစ်”

နွေညရဲ့လမင်း 🤍 (Completed)Where stories live. Discover now