𝙲𝚑𝚊𝚙𝚝𝚎𝚛 1

150 7 1
                                    


01

လူရမ်းကား အုပ်စုတစ်စု။

အရောင်တောက်တောက် ဆံပင်တွေနဲ့ ထိုလူတစ်စုက ကျောင်းဂိတ်ဝ ရဲ့ ဘေးမှာ နေ့တိုင်းထိုင်နေလေ့ရှိသည်။သူတို့က ဒူးပြဲဂျင်းဘောင်းဘီနှင့် အဖြူရောင်စွပ်ကျယ် ကို တွဲဖတ် ဝတ်ဆင်လေ့ရှိပြီး သူတို့၏ လက်မောင်းနှင့် လည်ပင်းပေါ်မှ tattoo များကို ပြသရသည်ကို သဘောတွေ့ကြပုံရသည်။လက်ညိုးနဲ့လက်ခလယ်ကြားမှာ ဆေးလိပ်ကို ညှပ်ထားပြီး ဆေးလိပ်ငွေ့တွေကြားမှာပေါ်နေတဲ့ သူတို့၏မျက်နှာက ဂန်းစတား တစ်ယောက်ရဲ့ အရိပ်အငွေ့များအပြည့် ။

သူတို့ကို လူမိုက်တွေလို့ခေါ်ကြပြီး တစ်နည်း လူ့အသိုင်းအဝိုင်းရဲ့ အသုံးမဝင်တဲ့ အညစ်အကြေးတွေပေါ့။သူတို့က စိတ်လှုပ်ရှားလွယ်တဲ့ ဒေါသအိုးလေးတွေဖြစ်သည်။ဒေါသထွက်လာရင် လူတွေကို အနိုင်ကျင့်မယ်။ အချိန်ကြာလာတာနှင့်အမျှ ဖြတ်သွားဖြတ်လာ အပြစ်မဲ့တဲ့လူတွေကိုတောင် သူတို့က အန္တရာယ် ပြုမည်မှာအမှန်ပင်။သူတို့ကိုယ်တိုင်က လွဲလို့ သူတို့ကို နှစ်သက်မယ့်လူ ဘယ်သူမှမရှိနိုင်လောက်ဘူး။

ဒါပေမယ့် ဒီအချက်တွေနဲ့ကိုက်ညီမှုရှိမနေရင်တော့ နည်းနည်းထူးဆန်းတယ်မလား။ဥပမာပြောရရင် သူတို့ထဲက ခေါင်းဆောင်လို့ထင်ရတဲ့ တစ်ယောက်က အလွန်ငယ်သေးပုံပေါ်သည်။သူ့မှာ မဲနက်တဲ့ ဆံပင်တွေရှိနေသေးပြီး အရမ်းလည်းချောတယ်။

ထိုလူက အတော်ချောတာကြောင့် ဟယ့်ကျွင့်လင် သူ့ကို လှမ်း လှမ်း ကြည့်နေမိသည်။ထိုလူက သူ့ဘေးနားက ဂန်းစတားတွေနှင့်မတူပဲ ကွဲပြားခြားနားသည်။သူ့မျက်နှာက ဝက်ခြံ တစ်စက်မှ မရှိဘဲ ရှင်းရှင်းလင်းလင်းလေး။ မျက်နှာအစိတ်အပိုင်းအားလုံးက အချိုးကျပြီး မေးရိုးအတော်ထင်းသည်။ထိုသူ၏ မျက်လုံးများက နက်ရှိုင်းပြီး အလွန်လှပသည်။ ညသန်းခေါင် ချိန်မှာ မြင်ရတဲ့ ကြောင်လေးတစ်ကောင်ရဲ့ သူငယ်အိမ်တွေလိုပေါ့။ဖြောင့်ဆင်းနေတဲ့ နှာတံနဲ့ နှုတ်ခမ်းပါးပါးလေးတို့က သူ့မျက်နှာကို အလွန်ချောမော​စေဖို့ ထောက်ပံ့ပေးထားသည်။

"Fuck! မင်းက ဘာလာကြည့်နေတာလဲ?"

ထိုအချိန်တွင် ခပ်ချောချော ဂန်းစတားလေး၏ ဘေးနားက လူတယောက်သည် မတ်တပ်ထရပ်ကာ ဟယ့်ကျွင့်လင်ကို လက်ညိုးထိုးပြီး ဆဲရေးလာတော့သည်။ထိုသူ၏ အသံက အလွန် အထက်စီးဆန်ပြီး ဟယ့်ကျွင့်လင်ကို အချိန်မရွေး လက်သီးနှင့်ထထိုးမည့်ပုံပေါ်သည်။

𝙿𝙻𝙴𝙰𝚂𝙸𝙽𝙶 || 𝚇𝚒𝚊𝚗𝚐𝙻𝚒𝚗 Where stories live. Discover now