Episode-7

2K 218 4
                                    

မတည်​နိုင်​တဲ့ ကတိတစ်​ခုကို အစကတည်းက မ​ပေးခဲ့သင့်​ပါဘူး။

လုံ​လောက်​တဲ့ အ​ကြောင်းပြချက်​​များစွာရှိ​နေ​သော်​လည်း လက်​မခံနိုင်​။ ကျွန်​​တော့်​ နှလုံးသားက လက်​မခံနိုင်​ခဲ့​။ သူထွက်​သွား​တော့မည်​ဟု ​တွေးကြည့်​ရုံနှင့်​ပင်​ လည်​​ချောင်းများ​ခြောက်​ကပ်​ ကွဲအက်​ကာ အသက်​မရှူနိုင်​​အောင်​ ရင်​ဘတ်​တစ်​ခုလုံး ဆို့နင့် လာသည်​။ 

မနက်​ဖြန်​မရှိ​တော့တဲ့ ​နေ့ရက်​​တွေဟာ တကယ်​ပဲ ​ခြောက်​ခြား နာကျင်​ဖို့​ကောင်းလွန်း​နေသည်​။ မိုးလင်းမှ မိုးချုပ်​ သူ့အ​ကြောင်း​တွေးရုံအပြင်​ မတတ်​နိုင်​ခဲ့​သော ကိုယ့်​ကိုကိုယ်​ လည်း စိတ်​ပျက်​လွန်းလှပြီ။ မထင်​မှတ်​ပဲ ကျွန့်​​တော်​ဘဝထဲ သူဝင်​​ရောက်​လာခဲ့သည်​။ ထို့​နောက်​ သူမရှိရင်​မ​နေတတ်​​​တော့အောင်​ ​လေ့ကျင့်​​ပေးပြီးမှ ထားသွားခဲ့သည်​။

ကျေးဇူးပြုပြီး...........hun-ah မင်းငါ့အနားမှာပဲ တစ်​သက်​လုံး​နေပြီး ကာကွယ်​​ပေးသွားမယ်​ဆို......................

................................................................

မနက်​စာ စားပွဲဝိုင်း​လေးက တိတ်​ဆိတ်​လွန်း​နေသည်​။ Luhan ​ကော်​ဖီ​ဖျော်​​နေသည့်​ ​ဘေးတွင်​ sehun ​ပေါင်​မုန့်​ကို ​ထောပတ်​သုတ်​​နေ​သော်​လည်း တစ်​​ယောက်​နှင့်​တစ်​​ယောက်​စကားမဆိုမိကြ။ ​ပြောစရာမရှိ၍ မဟုတ်​ ​ပြောစရာများလွန်း​နေသည့်​အတွက်​ ဘယ်​ဟာအရင်​စ​ပြောရင်​ ​ကောင်းမလဲအ​တွေးဖြင့်​ နှစ်​​ယောက်​လုံးတိတ်​ဆိတ်​​နေကြခြင်း ဖြစ်​သည်​။

luhan ​ကော်​ဖီတစ်​ခွက်​ကို ပလိန်း​ဖျော်​လိုက်​ပြီး ​နောက်​တစ်​ခွက်​ကိုမူ နို့ဆီနှင့်​ သကြားထည့်​​​ဖျော်​လိုက်​သည်​။ sehun က အချိုကြိုက်​သည်​ မဟုတ်​လား။ ထို့အတူ sehun လည်း ​ပေါင်​မုန့်​ကင်​စက်​မှ ​ထွက်​လာသည့်​ ​ပေါင်​မုန့်​နှစ်​ချပ်​ကို ယူကာ ​ပြောင်းပြန်​လှန်​ပြီး အပူချိန်​အနည်းငယ်​​လျှော့ကာ ခလုတ်​ပြန်​ဆွဲချလိုက်​သည်​။ luhan က ​ပေါင်​မုန့်​ဆိုကျွတ်​မှကြိုက်​သည်​​လေ။

T♡ the HeavenOù les histoires vivent. Découvrez maintenant