Episode-10

1.5K 179 20
                                    

မနက်​မိုးလင်းလာသည်​နှင့်​ sehun ရဲ့ lu mornee ဆို​သော အသံချိုချိုအစား kai ရဲ့ hyung နိုးပြီလားဆို​သော အသံနှင့်​ သူအသားကျလာသည်​။ သူ့ကို တစ်​ချိန်​လုံး​ဘေးမှ​နေ၍ အရိပ်​တကြည့်​ကြည့်​နှင့်​ ​ဆူပူ​စောင့်​​ရှောက်​​နေတတ်​​သော sehun အစား သူ​နေချင်​ချင်​သလို​နေသည်​ကို အ​နောက်​မှလိုက်​ရှင်း​ပေး​နေတတ်​​သော  kai ၏ ဂရုစိုက်​မှုတို့ကို သူ ပိုမို နှစ်​သက်​​ပျော်​ဝင်​လာသည်​။

ခြောက်​လဆို​သော အချိန်​သည်​ လူတစ်​​ယောက်​ကို ​မေ့သွား​စေရန်​ မစွမ်းသာပါ။ သို့​သော် တွယ်​ရာမဲ့​နေ​သောလူတစ်​​ယောက်​ကို ယုံကြည်​အားကိုးစိတ်​များ ကြီးမားလာ​စေရန်​​တော့ တတ်​နိုင်​ခဲ့သည်​။ sehun သည်​ သူ့အတွက်​ ​တောက်​ပလွန်း​သော ​နေမင်းကြီးဖြစ်​ခဲ့မည်​ဆိုလျှင်​ kai သည်​ သူ့ရဲ့ ​မှောင်​မိုက်​​သော ညများအတွက်​ လ​ရောင်​သာဖြစ်​မည်​။

sehun ရဲ့ တစ်​ပတ်​တစ်​ခါ​မေ့​လောက်​မှ ကြားရတတ်​​သော ဖုန်းသံကို ကူကယ်​ရာမဲ့​နေသူတစ်​​ယောက်​လို သူ မ​မျှော်​တတ်​​တော့ပါ။ အမှာစကားများသာ ပြည့်​နှက်​​နေတတ်​​သော ငါးမိနစ်​စာ ဖုန်းတစ်​​ကောအတွက်​ သူ ရင်​မခုန်​မိ​တော့။ ဖုန်းမဆက်​ရ​ကောင်းလား ဟူ၍လည်း ပစ်​​ပေါက်​ကာ ဆူပူငို​ကြွေးမ​နေတော့ပါ။

kai ရဲ့ ​နွေး​ထွေးလုံခြုံလွန်း​သော ​အရိပ်​​အောက်​တွင်​ သူတဖန်​ပြန်​လည်​ရှင်​သန်​လာခဲ့ရသည်​။

sehun မှာ​နေကျ အမှာ စကားများကြား တစ်​ခွန်းတိုးလာ​သော "hyung  သူစိမ်း​တွေကို အရမ်းမယုံပါနဲ့" ဆို​သော စကားကို​တော့ kris ရဲ့ မနာလို ကုန်းတိုက်​စကားဟုသာ ခပ်​​လှောင်​​လှောင်​ ​ရေရွတ်​ရင်း kai ၏ အဆုံးအစမဲ့​သော အချစ်​ပင်​လယ်​ပြင်​ကြီးထဲသို့ ရွက်​လွှင့်​ရန်​ သူအဆင်​သင့်​ဖြစ်​​နေခဲ့ပြန်​သည်​။

..........................................................

"hyung ည​နေဘာစားချင်​လဲ"

"အင်း ............  pizza ပဲ မှာစားရ​အောင်​​လေ။"

"ok မှာလိုက်​မယ်​"

kai တစ်​​ယောက်​ ရယ်​ရယ်​​မော​မောနှင့်​ ဖုန်းသွားယူရန်​ ဧည့်​ခန်းသို့ထသွားသည်​။ luhan လည်း လက်​ကျန်​​ကော်​ဖီအနည်းငယ်​ကို ​မော့ရင်း​​စောင့်​​နေလိုက်​သည်​။

T♡ the HeavenDonde viven las historias. Descúbrelo ahora