မိုးရေများကြားထဲ ကောင်လေးတစ်ယောက် မတ်တပ်ရပ်နေသည်။ နီရဲမို့အစ်နေသောမျက်လုံးများက သူမည်မျှငိုထားကြောင်း ထင်ရှားစေသည်။မြေပုံမို့မို့လေးကတော့ သူနှင့်မဆိုင်သည့်အလား မိုးရေစိုနေသော ပန်းစည်းများနောက်တွင် ငြိမ်းချမ်းစွာ လဲလျောင်းလျက်။ကိုင်ထားသော လေးထောင့်မှန်ဘောင်နှင့် ဓာတ်ပုံလေး လွတ်ကျသွားပြီး ကောင်လေးလည်း ဒူးထောက်လျက်သားလဲကျသွားသည်။
အနောက်မှရပ်ကြည့်နေသော ကောင်လေးက ငိုနေသောကောင်လေး ဘေးတွင်ထိုင်ချလိုက်ပြီး ပခုံးကိုလက်ဖြင့်အသာအယာကိုင်ရင်း ပြောလိုက်သည်။
"တော်လောက်ပြီ သွားရအောင်hyung။ hyungဘယ်လောက်ငိုငို ဦးလေးက ပြန်ရှင်လာမှာမှ မဟုတ်တော့တာ။"
"မင်း..မင်းက ဘယ်သူလဲ" luhan ငိုရလွန်းသဖြင့် လည်ချောင်းတစ်ခုလုံး နာကျင်အက်ကွဲနေပြီး စကားသံက တိုးလျဖျော့တော့နေသည်။
"hyung ကျွန်တော့်ကို မမှတ်မိတော့ဘူးပေါ့ sehun လေ Oh Sehun"
"aww hak..hak....အဖေ့ရဲ့အချစ်ဆုံး သူငယ်ချင်းကြီးရဲ့သားပဲ ကိုယ့်သူငယ်ချင်းသေတာတောင် သတင်းတစ်ချက်မေးဖော်မရတဲ့ အချစ်ဆုံး သူငယ်ချင်းကြီးပေါ့"
luhan မျက်ရည်များကြားမှ နာနာကြည်းကြည်း ပြုံးလိုက်ပြီး
ပခုံးပေါ်တင်ထားသော sehun လက်ကို ပုတ်ချရင်းပြောလိုက်သည်။
" ကျွန်တော့် အဖေကိုယ်စား ကျွန်တော်တောင်းပန်ပါတယ် hyung ရယ်
ဒါပေမဲ့ ကျွန်တော့်ကိုတော့ မမုန်းလိုက်ပါနဲ့ ကျွန်တော်တို့တွေ ငယ်ငယ်တုန်းက အတူကစားခဲ့ကြတာတွေ ပျော်ခဲ့ကြတာတွေ မမှတ်မိတော့ဘူးလားဟင်"
