Episode-2

5.3K 311 2
                                    

မနက်​ခင်း၏​ ​နွေး​ထွေး​သော ​နေ​ရောင်​ခြည်​က ပန်းနု​ရောင်​ အိပ်​ရာထက်​ဖြာကျ​နေသည်​။ sehun အိပ်​​မောကျ​နေ​သော luhan ကိုကြည့်​ပြီး ရယ်​လိုက်​မိသည်။ အိပ်​​နေသည့်​ပုံကိုလည်း ကြည့်​​ချေဦး။ ခြေ​ထောက်​တစ်​ဖက်​က ဖက်​လုံး​ပေါ်တင်​ထားပြီး ကျန်​သည့်​တစ်​ဖက်​က ခုတင်​​အောက်​ တွဲ​လောင်းကျ​နေသည်​။ လက်​နှစ်​ဖက်​ကိုလည်း ​​ခေါင်း​ပေါ်သို့ပစ်​ထား​သေးသည်​။ ခေါင်းအုံးကမူ ခုတင်​​အောက်​ကျ​နေပြီ။ ​စောင်​က တ​ရေးနိုး sehun ပြန်​ထခြုံပေးထား၍ ​ပေါင်​တစ်​ဝက်​တွင်​ တင်​​နေ​သေးသည်​။

sehun ​ရေချိုးမျက်​နှာသစ်​ အဝတ်​အစားလဲ၍ မီးဖို​ချေင်​ထဲဝင်​ရန်​ပြင်​ရသည်​။ အဝတ်​အစားလဲရန်​ sehun   luhan ဗီဒိုကိုမွှေ​သောအခါ ရူးချင်​စိတ်​ပင်​ ​ပေါက်​သွားသည်​။ ရောထွေးရှုပ်​ပွ​နေ​သော အဝတ်​ပုံထဲမှပင်​ သူနှင့်​ ​တော်​မည်​ထင်​သည့်​ shirt အဖြူ တစ်​ထည်​နှင့်​ ​ဘောင်းဘီတိုတစ်​ထည်​ ဆွဲထုတ်​ပြီး လဲလှယ်​လိုက်​သည်​။ ခြေတိုလက်​တိုခါးတို ဖြစ်​​နေသည်​မှ အပ အဆင်​​ပြေ​ချေသည်​။ luhan ဒူး​ခေါင်းရှိ​သော short pant မှာမူ sehun ​ပေါင်​တစ်​ဝက်​တွင်​ ​နေရာယူ​ထားသည်​။

            

ပေါင်​မုန့်​​လေးချပ်​မီးကင်​ ကြက်​ဥနှစ်​လုံး ဟတ်​(ဖ်​)ဘွိုင်​လ်​ကြော်​ ​ကော်​ဖီနှစ်​ခွက်​​ဖျော်​ပြီးလျှင်​ sehun မနက်​စာပြင်​ဆင်​ခြင်းပြီးဆုံး​လေသည်​။ မပြီး၍လည်းမရ luhan မီးဖိုနှင့်​ ​ရေခဲ​သေတ္တာထဲတွင်​လည်း ကြက်​ဥတစ်​လုံး ​ပေါင်​မုန့်​နှစ်​ချပ်​နှင့်​ ​ရေသန့်​ဘူးများ သာကျန်​​တော့သည်​။

            

sehun luhanအား အသာ​ခေါ်ကြည့်​သည်​။ မနိုး။ ​အော်​သည်​။ တုတ်​တုတ်​မျှမလုပ်​။ ရိုက်​သည်​။ အင်း ဟု တစ်​ချက်​ညည်းကာ ပြန်​အိပ်​သွားသည်​။ sehun တစ်​​​ယောက်​ တဖြည်းဖြည်းနှင့်​ သည်းခံနိုင်​စွမ်းများ minus ပြလာသည်​။

                

"ဘုန်း....ဘုန်း........ဘုန်း...........hyung........hyung ထ​တော့ ထ​တော့လို့ မနက်​စာပြင်​ပြီးပြီး"

T♡ the HeavenWhere stories live. Discover now