ချယ်ရီ

1.2K 69 2
                                    

"ဘယ်လိုလဲ အမောင် အဆင်ပြေနေရဲ့လား"

သတို့သမီးလေး မနှင်းဆီအား မောင်ငေးကြည့်နေမိသည်မှာအတန်ကြာ။
အမြဲမြင်တွေ့ဖူးနေကျဆိုပေမယ့် မနှင်းဆီသည် သူ့ပအိုဝ့်ဝတ်စုံလေးနှင့်
အတော့်ကိုမှလိုက်ဖက်လှသည်။

"အွန်း အရမ်းကိုလှတာပဲ"

မောင်သည် နှင်း၏လက်က‌လေးနှစ်ဖက်ကိုအသာအယာဆွဲယူပြီးဆုပ်ကိုင်ကာ ပြုံးသည်။

"မနှင်းဆီ အမြဲတမ်းပျော်ရွှင်ရမှာကျိန်းသေပါတယ် ကျွန်မကအဲ့လိုဖြစ်အောင်ဖန်တီးပေးမှာမို့"

နှင်းတို့နှစ်ယောက်အနားသို့ နှင်း၏သတို့သားအစ်ကိုသုတရောက်လာသည်။ အစ်ကိုသုတသည် ပထမဆုံးဝတ်ဆင်ဖူးသည့် ပအိုဝ့်ဝတ်စုံလေးနှင့်ခန့်ညားစွာ လိုက်ဖက်စွာရှိနေသည်။

"ဥယျာဉ်မှူးလေး ပန်းကလေးကို ကျွန်တော်မျိုးရဲ့လက်ထဲထည့်ပေးဖို့ဆုံးဖြတ်ပြီးပါပြီလား"

ထိုအမေးကို မောင်သည် ဆုပ်ကိုင်ထားသော မနှင်းဆီ၏လက်ကလေးကို အစ်ကိုသုတ၏လက်ထဲထည့်ပေးလိုက်ကာအဖြေပေးသည်။

"ကျွန်မအကူအညီတောင်းပါတယ် အစ်ကိုသုတ မနှင်းဆီကိုတန်ဖိုးထားပေးပါလို့တောင်းဆိုပါတယ်"

အစ်ကိုသုတသည် မနှင်းဆီ၏လက်ကလေးကိုဆုပ်ကိုင်ပြီး မနှင်းဆီအားကြည့်ကာသဘောကျစွာပင်ပြုံးသည်။

"စိတ်ချလက်ချသာအပ်လိုက်ပါ အစ်ကိုက နှင်းဆီကိုအသက်ထက်မကချစ်မြတ်နိုးတာကိုအချိန်နေရာမရွေးပဲ ကျိန်ဆိုရဲတာမို့"

အနားကမနီးမဝေးမှာထိုင်နေသည့် ဒေါ်မူယာကိုတစ်ချက်ကလေးကြည့်ပြီး
မနှင်းဆီသည် မောင့်လက်ကလေးအားဆုပ်ကိုင်လာသည်။

"အမောင် ဂရုစိုက်နော် ပြီးတော့ လိုအပ်တိုင်းငါရှိနေပေးမယ် တစ်ယောက်တည်းခံစားမနေနဲ့"

မောင်သည် ပြုံးရုံသာပြုံးပြမိခဲ့သည်။ မနှင်းဆီသည် မောင်ပျောက်သွားပြီးနောက်မှာ ဒေါ်မူယာအားသိပ်ပြီးသဘောမတွေ့ခဲ့တော့ချေ။ မောင့်အားအနိုင်ယူနေပြီး မောင်သည်လည်း ဒေါ်မူယာ့အလိုကျသာရှိနေသည့်အခါ ဘေးက မြင်တွေ့နေရသည့် မနှင်းဆီက ဒေါ်သတကြီးဖြင့် ဆွေ့ဆွေ့ခုန်သည်။ သို့ပေမယ့် မနှင်းဆီမသိခဲ့တာက ဒေါ်မူယာက အရင်လို မောင့်အား အနိုင်ယူခြင်းမရှိတော့တာကိုပင်။ ဒေါ်မူယာသည် အရင်ကလိုမဟုတ်တော့ပဲ မောင့်အပေါ် ငြင်သာလာသည်။ မောင့်အား ဆုံးရှူံးရမှာကြောက်သည့်စိတ်ကို ဒေါ်မူယာတစ်ယောက် မဖုံးကွယ်တော့သလို ဖုံးကွယ်၍လည်းမရနိုင်တော့ပေ။

rebirth in 1995Onde histórias criam vida. Descubra agora