ဒေစီ

565 43 0
                                    

စိုထိုင်းနေတဲ့မိုးဥတု အေးတိအေးစက်ဆက်ဆံရေးတွေ နေချင်စရာမကောင်းတဲ့ဘဝ ဗလာနတ္ထိခံစားချက်အသေတွေ

"တက် လိုက်ပို့ပေးမယ်"

လှမ်းချင်ရာလှမ်းနေသောခြေလှမ်းများသည် ဘေးမှာလာရပ်တဲ့ကားနဲ့ထိုကားပေါ်မှသူ၏စကားကြောင့်ရပ်တန့်သည်။ စကားလုံးများသည် နွေးထွေးမှုမပါ အမိန့်ဆန်သည်။ ထိုအမိန့်ကိုနာခံသည့်သူသည်ထိုသူအလိုကျကားပေါ်တက်သည်။

တစ်လမ်းလုံးတိတ်ဆိတ်ငြိမ်သက်သူနှစ်ယောက်တွင်တစ်ယောက်သောသူကတိတ်ဆိတ်မှုကိုစတင်ဖြိုခွင်းသည်။

"နင်တန်ဖိုးအထားရဆုံးသူက နှင်းမဟုတ်လား"

တစ်လမ်းလုံးငိုက်ကျနေသည့်ခေါင်းသည်ပထမဆုံးအကြိမ်အဖြစ်ထောင်မတ်လာသလို တစ်ချိန်လုံးမကြည့်ရဲပဲရှောင်ရှားနေခဲ့သည့်မျက်ဝန်းတွေကိုမရှိရှိတဲ့သတ္တိတွေအကုန်ထုတ်သုံးလို့ကြည့်မိတော့ ထိုသူ၏အကြည့်တွေသည် သူ့ဆီမှာရှိမနေ။ ထိုသူ၏အကြည့်သည် တစ်ဖက်လမ်းသို့ဖြတ်ကူးဖို့ပြင်နေသည့်
မနှင်းဆီထံတွင်သာတစိုက်မတ်မတ်ရှိနေသည်။

"ငါတန်ဖိုးအထားရဆုံးသူကိုငါ့ဘဝထဲကဆွဲထုတ်ပစ်သလိုမျိုး နင်တန်ဖိုး
အထားရဆုံးသူကိုလည်းနင့်ဘဝထဲကငါဆွဲထုတ်ပြမယ်"

"ဘယ်လိုလဲ"

မောင့်အားလှည့်ကြည့်လာတဲ့ဒေါ်မူယာ၏အကြည့်တွေသည် နာကျင်နေပေမယ့် တစ်ချိန်တည်းမှာပဲကျောချမ်းဖွယ်လည်းကောင်းသည်။ မောင်ဘာစကားမှမဆိုနိုင်သေးခင်မှာပင် ဒေါ်မူယာသည် သူ၏ပါးပြင်ပေါ်သို့သူ့ခွင့်ပြုချက်မရပါပဲအလိုက်မသိစွာကျဆင်းလာသည့်မျက်ရည်စများကိုလက်ဖဝါးဖြင့်ခပ်ကြမ်းကြမ်းသုတ်ကာ မောင့်ကိုအကြည့်လွဲပြီးကားစတီယာရင်ကိုတင်းကြပ်စွာဆုပ်ကိုင်ထားသည်။ ဒေါ်မူယာ၏အကြည့်များသည် တစ်နေရာတည်းတွင်သာရှိသည်။ အရှိန်မြန်လာသည့်ကားကြောင့် မောင်ထိတ်လန့်မိသည်။

"ဒေါ်မူယာ ကားကိုရပ်လိုက် ... ဒေါ်မူယာ ကျွန်မတောင်းပန်ပါတယ် ကားကိုရပ်လိုက်ပါ"

ဘယ်လိုမှပြော၍မရသည့်အခါ မောင့်အကြည့်များသည် မနှင်းဆီထံသို့ပြောင်းလဲသွားသည်။ မဖြစ်ဘူး မဖြစ်ဘူး ဆိုသည့်စကားလုံးများကသာ ခေါင်းထဲလှည့်ပတ်နေပြီး မောင့်စိုးရိမ်စိတ်များကအတိုင်းထက်အလွန်ပင်။ နီးကပ်လာသည့်အခါ မောင် ကားစတီယာရင်ကိုဆွဲကာရှောင်လိုက်သလို ဒေါ်မူယာသည်လည်းကားဘရိတ်ကိုအုပ်လိုက်သည်။ ဒေါ်မူယာ၏မျက်နှာထက်သွေးများမရှိသည့်နှယ်ဖြူလျော့နေသလို မောင်သည်လည်းအသက်ရှူနှုန်းများမှာမြန်ဆန်လှသည်။ အလျင်အမြန်ပင်အနောက်လှည့်ကြည့်တော့ မနှင်းဆီသည် အစ်ကိုသုတအားဆွဲထူနေသည်။ အစ်ကိုသုတသာမနှင်းဆီအားမဖမ်းဆွဲခဲ့လျှင် မောင်သည် ဒေါ်မူယာ၏ကားခေါင်းကိုဆွဲမလှည့်ခဲ့လျှင် ဖြစ်လာမည့်အဖြစ်အပျက်များသည် မတွေးရဲစရာ။

rebirth in 1995Tahanan ng mga kuwento. Tumuklas ngayon