ပိတောက်

2.1K 89 1
                                    

နာကျင်သည် တစ်ကိုယ်လုံးကလှုပ်မရအောင်နာကျင်သည်။ အားအင်သည်လည်းချိနဲ့နေသည်။ မရှိရှိတဲ့အားကိုအကုန်သုံးပြီးမျက်လုံးများကိုမရမကဖွင့်သည်။ လူတစ်ယောက်၏‌ကျယ်လောင်စွာအော်ဟစ်သံကိုကြားသည်။ ထို့နောက် အခန်းသည်တိတ်ဆိတ်သွားသလို အချိန်အနည်းငယ်အကြာတွင်
ခြေသံများစွာက အနားကိုအလောတကြီးရောက်လာသည်။

"လူနာ လူနာ ခေါ်တာကိုကြားရလား အခုဘယ်ရောက်နေတာလဲဆိုတာကိုရော သိလား"

ပခုံးကိုအသာထိကာစကားလာပြောသည့်သူကိုကြည့်ရာ ဂျူတီကုတ်အဖြူနှင့်ဆိုတော့ ဆရာဝန်ဖြစ်မည်။ ဟုတ်သည် သူသည် ယာဉ်တိုက်မှုဖြစ်ခဲ့တာ ရုတ်တရက်ကြီးမျက်စိရှေ့ကိုအရှိန်ပြင်းစွာရောက်လာသည့်ကားကြောင့်
ရှောင်ချိန်မရလိုက်ပဲတည့်တည့်ကြီးကိုတိုက်မိလိုက်တာ။ ဘေးမှာပါလာတဲ့
သူမရဲ့ချစ်သူကတော့ သတိမရတော့ပေမယ့် သူကတော့ သတိဝင်တစ်ချက်
မဝင်တစ်ချက်မို့ မျက်နှာချင်းဆိုင်ကကားကိုတစ်ချက်ကြည့်မိလိုက်သေးသည်။ ထိုကားထဲက ထိုအမျိုးသမီးကရော အသက်ရှင်နေသေးသလား။

"အခုဘယ်ကိုရောက်နေတာလဲ"

‌အားအင်မဲ့လှသည့်လေသံဖျော့ဖျော့ကိုအနားကထိုသူကြားနိုင်ရဲ့လား။

"အခုရောက်နေတာဆေးရုံကိုပါ ယာဉ်တိုက်မှုနဲ့ဒီကိုရောက်လာတာ "

"လူနာ အမည်တစ်ချက်လောက်ပြောပေးနိုင်မလား"

" … "

အခုလည်းသတိရတစ်ချက်မရတစ်ချက်မို့ ဖြေလိုက်သည့်အဖြေကိုကိုယ်တိုင်ပင် နားထဲကြားတစ်ချက် မကြားတစ်ချက်။

"အသက်"

"၁၈"

ဒါတွေကိုဘာကြောင့်မေးနေရသလဲ ဒါကလုပ်ထုံးလုပ်နည်းလားမသိနားမလည်ပေမယ့် သူမ တကယ်ကိုပြန်လည်အိပ်ပျော်‌ချင်နေသည်အထိ ချိနဲ့နေပြီဖြစ်သည်။

"ဒီနေ့ဘယ်နှရက်နေ့လဲပြောနိုင်သလား"

"၂၅ရက်နေ့ ၆လပိုင်း ၂၀၂၀"

အဖြေအဆုံးတွင်ဆရာဝန်များကတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး တီးတိုးပြောဆိုနေကြသည်။ အဲ့ဒီနောက်ဘာဖြစ်သလဲမသိတော့ပဲ သူမတစ်ဖန်ပြန်လည်မေ့မြောခဲ့လေသည်။

rebirth in 1995Onde histórias criam vida. Descubra agora