Chapter 4 (unicode)

509 36 0
                                    

တူနှစ်ကိုယ် ရွှေလက်တွဲ
အေးချမ်းတဲ့ဘဝကို လိုချင်တယ်

မူရင်းစာရေးသူ - 온소망 (Warm Wish)

ဘာသာပြန်သူ - Marilee

****

အခန်း ၄

အဆင့်မြင့်မှူးမတ်မျိုးနွယ်တွေနဲ့ ထိတ်ထိတ်ကြဲတွေချည်းရှိတဲ့ စီးပွားရေးဆန်ဆန်လောကလို နေရာမှာ တစ်မူထူးတဲ့သူကို ရွေးပါဆိုရင် ကျွန်မအနေနဲ့ ဆယ်အန်းရယ် အခု ကျွန်မအရှေ့မှာ ကတ်တလန်မိသားစုရဲ့ သစ္စာခံနောက်လိုက်အိမ်တော် ကိုယ်စားပြုအဖြစ် ပွဲတက်လာတဲ့သူရယ်ကို ရွေးမိမှာပါ။

"ဂုဏ်ပြုပါတယ် လေဒီ ကတ်တလန်"

"ကျေးဇူးတင်ပါတယ် လော့ဒ် ရိုဝယ်လစ်ရှ်"

ဆံပင်အညိုရောင်ရှိတဲ့အမျိုးသားက မျက်နှာသေနဲ့ ကျွန်မကို တစ်ချက်ကြည့်ပြီးတော့ တည်ငြိမ်တဲ့မျက်နှာထားနဲ့ 'ဒီနေ့အရမ်းလှနေတာပဲ' ဆိုပြီး ပြောလာခဲ့တယ်။ ရှင် အသက်မှရှိသေးရဲ့လားလို့ ပြန်မေးချင်စရာကောင်းတဲ့ လေသံနဲ့လေ။

'အင်းလေ သူ စိတ်ရင်းနဲ့ပြောတာ ဖြစ်လောက်မှာပါ'

သူက မြို့စားမင်း ရိုဝယ်လစ်ရှ်ရဲ့ ဒုတိယသားဖြစ်ပြီး ဓားရေးကျွမ်းကျင်မှုက အဆင့်တော်တော်မြင့်သလို ဗဟုသုတလည်း နှံ့စပ်ကြွယ်ဝတယ်လို့ သတင်းတွေထွက်နေသူပါ။
သူက ခဏလောက် နှုတ်ခမ်းကို တင်းတင်းဖိပိတ်လိုက်ပြီး ခဏနေတော့ ဦးညွှတ်ရင်း ယဉ်ကျေးစွာမေးလာခဲ့တယ်။

"သခင်မလေး တခြားနယ်မြေတစ်ခုကိုဆက်ခံပြီး မကြာခင် အဲ့ဒီကို သွားတော့မလို့ဆို"

"အာ...အဲ့ဒီလိုပဲဖြစ်သွားတယ်"

"မြို့တော်ကို ပြန်မလာတော့ဘူးလား"

"အဲ့ဒါကတော့...အခြေအနေအရပဲ။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်မ အဲ့ဒီမှာပဲ နေဖြစ်လောက်မယ်ထင်တယ်။ ရှေ့လျှောက် ကျွန်မ ဘယ်လိုနေထိုင်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားရဦးမယ်"

ကျွန်မစကားကြောင့် တက်ဒီးယက်စ် ရိုဝယ်လစ်ရှ်က အလေးအနက်မျက်နှာထားနဲ့ ခေါင်းညိတ်ပြီး ခဏကြာမှ စကားဆက်လာခဲ့တယ်။

တူနှစ်ကိုယ်ရွှေလက်တွဲ အေးချမ်းတဲ့ဘဝကို လိုချင်တယ် [ဘာသာပြန်]Where stories live. Discover now