Chapter 17 (zawgyi)

80 1 0
                                    


မူရင်းစာရေးသူ - 온소망 (Warm Wish)

ဘာသာပြန်သူ - Marilee

                                 ****

အခန်း ၁၇

               ဆံပင်အနက်ရောင်နဲ့လူက သူ့အပေါ် အရိပ်မိုးကျနေလောက်အောင် ကြီးမားလှတဲ့ မိစ္ဆာကြီးကို တိတ်တဆိတ် ကြည့်နေခဲ့ပြီးတဲ့နောက် ကျွန်မရှိရာဆီကို အမြန်လှည့်ကြည့်လိုက်တယ်။
               ကျွန်မတို့ ပတ်ဝန်းကျင်က အခြေအနေကတော့ လုံးဝကို ဗရုတ်သုတ်ခပါပဲ။ လေဒီ ရစ်ဒဲလ်...! လေဒီ ရစ်ဒဲလ်...! ဟစ်ရှ်မဟုတ်တဲ့ အမျိုးသားနှစ်ယောက်က ကျွန်မနာမည်ကို တစ်ယောက်ပြီးတစ်ယောက် အော်ခေါ်နေခဲ့ကြတယ်။
               ဟစ်ရှ် ကျွန်မကို ကြည့်နေတုန်းမှာ ဘယ်လိုမျက်နှာထားမျိုး လုပ်နေတယ်ဆိုတာ မတွေ့ရပါဘူး။ ဟစ်ရှ်တစ်ယောက် အိပ်မွေ့ချများခံထားရသလားလို့ တွေးမိတဲ့အထိကို ကျွန်မခေါင်းထဲမှာ တခြားဘာမှမတွေးနိုင်ခဲ့ပါဘူး။
               ကျွန်မ သူ့ကို ပိုကောင်းကောင်းမွန်မွန် ဆက်ဆံရမလား ဒါမှမဟုတ် အဲ့ဒီနေ့က အဖြစ်အတွက် သေတဲ့အထိ နောင်တကိုပွေ့ပိုက်ပြီးနေသွားရမလား...တကယ်ပါ ကျွန်မ အဲ့ဒီလိုအတွေးမျိုးတွေ လုံးဝမတွေးနိုင်ခဲ့ပါဘူး။
               ကျွန်မ တတ်နိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ဟစ်ရှ်ကို အဲ့ဒီအန္တရာယ်များတဲ့ အရာဆီကနေ တစ်နည်းနည်းနဲ့ ရအောင်ဖယ်ရှားဖို့ပါပဲ။
               မိစ္ဆာကြီးက သူ့ရဲ့ ဧရာမလက်ကြီးကို မြှောက်လိုက်တယ်။ လေထုကို နှစ်ခြမ်းဆွဲဖြဲလိုက်တဲ့အလား ကျယ်လောင်တဲ့ လေဟုန်ခွင်းသံကြီးကို ထင်ထင်ရှားရှား ခံစားလိုက်ရပြီး ချက်ချင်းဆိုသလို ကျွန်မတစ်ကိုယ်လုံးမှာရှိနေတဲ့ မွေးညင်းတွေ ထောင်ကုန်တော့တယ်။
               အဲ့ဒီအချိန်မှာ ကျွန်မ ဟစ်ရှ်ကိုအကြမ်းပတမ်းဆွဲပြီး အဝေးကိုတွန်းဖယ်ပစ်ဖို့ ကြိုးစားလိုက်တယ်။
               ကျွန်မရဲ့ အားပျော့တဲ့ခင်ပွန်း။ ကျွန်မကို အမြဲပြုံးပြုံးလေး ကြည့်လေ့ရှိတဲ့ ခင်ပွန်း၊ အမြဲတမ်း ကျွန်မ ဆန္ဒရှိတဲ့အတိုင်းသာ လုပ်တတ်တဲ့လူ။ ဒီတစ်ကြိမ်တော့ အဲ့ဒီလူက ကျွန်မ အလိုရှိတဲ့အတိုင်း တွန်းဖယ်မခံခဲ့ပါဘူး။
               အဲ့ဒီအစား သူက ကျွန်မလက်ကို ဖမ်းဆုပ်ပြီးတော့ ကျွန်မကို ခပ်တင်းတင်း ဆွဲယူလိုက်ပြီး သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ချုပ်နှောင်ထားခဲ့တယ်။ ပြီးတော့ ကျွန်မတို့ထံ ကျရောက်လာမယ့် အန္တရာယ်ကို ကာကွယ်တော့မယ့်အလား သူ့ရဲ့ ကျန်နေတဲ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်တယ်။
               အဲ့ဒါက မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း
ဟစ်ရှ်က လက်ကိုဆန့်ထုတ်ထားမြဲပါပဲ။
               မိစ္ဆာကြီးရဲ့ အကျည်းတန်လှတဲ့ ဧရာမလက်ကြီးနဲ့ ဟစ်ရှ်ရဲ့ ချစ်စရာကောင်းတယ်လို့ခေါ်နိုင်တဲ့ လက်ကလေး ထိမိသွားတဲ့ အခိုက်အတန့်မှာ...

တူနှစ်ကိုယ်ရွှေလက်တွဲ အေးချမ်းတဲ့ဘဝကို လိုချင်တယ် [ဘာသာပြန်]Where stories live. Discover now