Chapter 23 (unicode)

131 7 0
                                    

                          တူနှစ်ကိုယ် ရွှေလက်တွဲ
          အေးချမ်းတဲ့ဘဝကို လိုချင်တယ်

မူရင်းစာရေးသူ - 온소망 (Warm Wish)

ဘာသာပြန်သူ - Marilee

                                 ****

အခန်း ၂၃

               လေဒီ ရှားလော့ထ်ရဲ့ အပြုအမူကြောင့် ထရယ်မိတဲ့ အမျိုးသမီးအုပ်ထဲက တစ်ယောက်က စကားစလာခဲ့တယ်။

               "မားကီးစ် အိုဖီးယက်စ်ရောပဲ။ အလုပ်လုပ်တဲ့နေရာမှာ ဘယ်လောက်ပဲတော်နေပါစေ မြန်မြန်အခြေချသင့်တာပေါ့။ ဒါပေါ့ မားကီးစ်က ဘယ်ဘက်ကကြည့်ကြည့် တကယ့်လူကောင်းတစ်ယောက်ပဲလေ။ ဒီတော့ သူ့ကိုချဉ်းကပ်လာတဲ့ မိန်းမတွေ တောင်လိုပုံနေမှာပဲ။ ဒါပေမဲ့ မားကီးစ်က အဲ့ဒီထဲကနေ တစ်ယောက်မှမရွေးဘူးရော"

               "သူလည်း သူမွေးစားထားတဲ့ တူလေးကြောင့် နေ့ရွှေ့ညရွှေ့လုပ်နေတာနေမှာပေါ့။ မစ္စတာ အက်စ်ဒဲလ်က ဒီနှစ်ထဲမှာ ဆယ့်ရှစ်နှစ်ပြည့်သွားတာလား"

               "ကိုယ့်ကို ဝိုင်းကူပေးမယ့်သူ ရှိနေပြီဆိုရင် လက်ထပ်အခြေချဖို့ ပိုစဉ်းစားသင့်တယ်မဟုတ်ဘူးလား"

               "ရှင်တို့ရဲ့ အမြင်က အရမ်းမြင့်လွန်းနေတယ်မထင်ဘူးလား"

               တော်တော်လေး သင့်တော်ကောင်းမွန်တဲ့ အိမ်တော်တွေက အမျိုးသမီးငယ်လေးတွေ အများကြီးရှိကြပေမဲ့ နည်းနည်းအရွယ်လွန်နေပြီဖြစ်တဲ့ ကာလန့်အပေါ် ဘယ်သူမှ ခံစားချက်ရှိကြတဲ့ပုံမပေါ်ပါဘူး။
               မိန်းကလေးတွေ အများကြီးရှိကြမယ်ဆိုရင်တောင် ကာလန်က အသက်သုံးဆယ်နား ကပ်နေပါပြီ။ ဒါပေမဲ့...
               ရှားလော့ထ်က နှာခေါင်းရှုံ့ပြီး ပြောလာခဲ့တယ်။

               "ဟင့်အင်း သူက အရမ်းရှက်တတ်တယ်လေ။ သူ့ရဲ့ ဝမ်းနည်းစရာ ချစ်ရေးချစ်ရာဘဝက အဲ့ဒီမှာတင် နိဋ္ဌိတံသွားပြီလေ"

               "အဲ့ဒီလူကြီးမင်းကပေါ့လေ။ ရှင် ညာပြောနေတာမဟုတ်လား!"

               ဝိုး...ရှားလော့ထ်ကြည့်ရတာ လက်ထောက်အလုပ်ကို သေချာလေးလုပ်နေတယ်ထင်တယ်။ ကာလန် ရှက်တတ်တာကိုတောင် သတိထားမိတယ်ဆိုတော့လေ။
               ကျွန်မတို့ ဟိုအကြောင်းဒီအကြောင်း ပြောနေကြချိန်မှာ အမျိုးသမီးတချို့က ကျွန်မနဲ့ ဆာ တက်ဒီးယက်စ်တို့ရဲ့ အချစ်ဇာတ်လမ်း ကောလာဟလနဲ့ပတ်သက်ပြီး စိတ်ဝင်စားကြကြောင်းကို တဖြည်းဖြည်း ဖော်ပြလာခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ အိမ်ရှေ့စံ မင်းသားလေး ရောက်ရှိလာပြီဖြစ်ကြောင်း ကြေညာသံက အချိန်ကိုက်ပေါ်ထွက်လာခဲ့တယ်။
               ကျွန်မ သူနဲ့ စကားထပ်ပြောဖို့ အမြန်လှည့်ကြည့်လိုက်ချိန်မှာ တော်တော်လေးကြာမှ ပထမဆုံးအကြိမ်ပြန်တွေ့ရတဲ့ မင်းသားလေးက သူ့ကို အာရုံစိုက်နေကြတဲ့ လူအုပ်ကြားမှာ လျှောက်နေခဲ့တယ်။
               အဲ့ဒီနောက်တော့ အက်စ်ဒဲလ် အိုဖီးယက်စ်ကို တွေ့လိုက်ရတယ်။ သူကတော့ အခုလေးတင် ပြောနေကြတဲ့ မားကီးစ် အိုဖီးယက်စ်ရဲ့တူပေါ့။
               မင်းသားလေးနောက်ကနေ မျက်လုံးကြည်ကြည်လေးတွေနဲ့ လိုက်လာခဲ့တဲ့ လူငယ်လေးက တည်တည်ငြိမ်ငြိမ် ပြုံးနေခဲ့တယ်။
               သူနဲ့ကျွန်မ အသက်နှစ်နှစ်ပဲကွာတာကို ဘာလို့များ ဘဝအတွေ့အကြုံရှိပုံချင်းက ဘာမှသိပ်မကွာသလို ခံစားရတာပါလိမ့်။
               အဲ့ဒီလိုတွေးနေတုန်းမှာ မင်းသားလေးကို မျက်နှာချိုသွေးချင်ကြတဲ့ မှူးမတ်တစ်သိုက်က မင်းသားလေးအပါးမှာ ဝိုင်းအုံလာကြတော့တယ်။
               ကျွန်မလည်း အနည်းဆုံး နှုတ်ဆက်ဂါရဝပြုသင့်တာပေါ့...
               အဲ့ဒီအတွေးနဲ့ ကျွန်မ ဘေးကိုကြည့်လိုက်တယ်။ မကြာပါဘူး အက်စ်ဒဲလ်တစ်ယောက် ကျွန်မကို တွေ့သွားပြီး ဝမ်းသာတဲ့ပုံပေါ်သွားခဲ့တယ်။
               သူ အိမ်ရှေ့စံကို တစ်စုံတစ်ရာတီးတိုးပြောလိုက်ချိန်မှာ အိမ်ရှေ့စံရဲ့ ကလိန်းတော်ဝင်မိသားစု အမှတ်သင်္ကေတဖြစ်တဲ့ ခရမ်းရောင်မျက်ဝန်းတွေက ကျွန်မဆီ ကျရောက်လာတော့တယ်။
               ဘုရားရေ ကျွန်မတော့ အခုကစပြီး နှလုံးကို သေချာဂရုစိုက်ရတော့မှာပဲ။

တူနှစ်ကိုယ်ရွှေလက်တွဲ အေးချမ်းတဲ့ဘဝကို လိုချင်တယ် [ဘာသာပြန်]Where stories live. Discover now