Chapter 19 (zawgyi)

43 0 0
                                    


မူရင်းစာရေးသူ - 온소망 (Warm Wish)

ဘာသာပြန်သူ - Marilee

                                  ****

အခန်း ၁၉

               "တောင်းပန်စရာလား ဘာမှလည်း အမှားလုပ်မထားဘဲနဲ့ ဘာလို့ တောင်းပန်ရတာလဲ။ ရှင် ရှေ့လျှောက် လူတကာကို အဲ့ဒီလို မဆင်မခြင် လိုက်တောင်းပန်နေမယ်ဆိုရင် ကျွန်မ တကယ်စိတ်ဆိုးလိုက်မှာ"

               ဟစ်ရှ်နဲ့ ယှဉ်လိုက်ရင် ကျွန်မ မျက်ဝန်းတွေမှာလည်း မျက်ရည်တွေနဲ့ စိုစွတ်နေပေမဲ့ သူက ကျွန်မကို တောင်းပန်ရင်း၊ မငိုပါနဲ့လို့ ချော့မော့ရင်း ရေးကြီးခွင်ကျယ်တွေ လုပ်နေခဲ့တယ်။
               ကျွန်မတို့ နှစ်ယောက်စလုံး တကယ့် ငကြောင်တွေပါလားလို့ ထင်မိပေမဲ့ ဟစ်ရှ်ရဲ့အနွေးဓာတ်ရယ်၊ မကြားရတာကြာပြီဖြစ်တဲ့ သူ့အသံရယ်ကို နှစ်သက်လှတာကြောင့် ဒီအတိုင်း သူ့ကို တိတ်တိတ်လေး ဖက်ထားလိုက်မိတယ်။
               အဲ့ဒီတော့မှပဲ သူနဲ့မတွေ့ရတဲ့ တစ်ချိန်လုံးမှာ ကျွန်မ အရမ်းဝမ်းနည်းပြီး အထီးကျန်နေခဲ့တာပါလားဆိုတာကို သဘောပေါက်လိုက်ရတော့တယ်လေ။ ဒီတော့ သူ့ကော်လံစကို ဆုပ်ကိုင်ထားတဲ့ ကျွန်မရဲ့လက်မှာ အသာအယာ အားထည့်ထားလိုက်မိတယ်။
               တချို့လူတြွေမင်ရင် ထူးဆန်တယ်လို့ ပြောကြမှာသေချာတဲ့ စင်္ကြံမှာ အဲ့ဒီလို အကျယ်ချဲ့ အလွမ်းသယ်ပြီးတဲ့နောက်မှာ ကျွန်မတို့ နည်းနည်းရှက်သလိုလိုရှိလာတာကြောင့် အခန်းထဲဝင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
               ဟစ်ရှ် နေထိုင်ရာအခန်းက တခြားနေရာတွေနဲ့ယှဉ်လိုက်ရင် ကျဉ်းမြောင်းလွန်းနေခဲ့တယ်။ လူသိပ်မနေတဲ့ စင်္ကြံဘက်မှာ ရှိနေတဲ့အတွက်ပဲ ဖြစ်လေမလား။
               အခန်းက ကောင်းကောင်းထိန်းသိမ်းထားတယ်ဆိုပေမဲ့ ခုတင်နဲ့ အခြေခံပရိဘောဂလေးပဲရှိတဲ့ ဟောဒီလိုနေရာမှာ တစ်ယောက်တည်းရှိနေခဲ့တဲ့ ဟစ်ရှ်ရဲ့အဖြစ်ကို တွေးမိတော့ ကျွန်မ စိတ်မကောင်းဖြစ်မိရပါတယ်။
               ဆိုဖာသေးသေးလေးရဲ့ တစ်ဖက်ခြမ်းမှာ ကျွန်မတို့နှစ်ယောက် ပူးပူးကပ်ကပ် ထိုင်လိုက်ကြတယ်။ ကျွန်မက ဟစ်ရှ်ရဲ့ပခုံးပေါ် ခေါင်းမှီထားခဲ့ပြီး ဟစ်ရှ်ကတော့ ကျွန်မခေါင်းပေါ် ခေါင်းမှီထားရင်း ကျွန်မပခုံးတွေကို ဖက်ထားခဲ့တယ်။
               အဲ့ဒီလောက်လေးပဲ ထိတွေ့နေရတယ်ဆိုပေမဲ့ ကျွန်မစိတ်ထဲမှာတော့ သူနဲ့ အခိုင်အမာ ယှက်ထွေးနေသလို ခံစားနေရတယ်။ သူ့ရဲ့ကိုယ်ငွေ့နွေးနွေးက ကျွန်မရင်ထဲက အေးစက်သွားတဲ့ တစ်စုံတစ်ရာကို နွေးထွေးလာစေတဲ့ အခိုက်အတန့်လေးကို ကျွန်မ မျက်လုံးလေးအသာမှိတ်ရင်း တိတ်တဆိတ် ခံစားလိုက်တယ်။
               ဟစ်ရှ်က နီရဲနေတဲ့ မျက်ဝန်းတွေနဲ့ တစ်ချက်ရှိုက်လိုက်တယ်။ သူက ခပ်အက်အက်အသံနဲ့ အရင်စကားစခဲ့တယ်။

တူနှစ်ကိုယ်ရွှေလက်တွဲ အေးချမ်းတဲ့ဘဝကို လိုချင်တယ် [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang