Chapter 24 (zawgyi)

57 0 0
                                    


မူရင်းစာရေးသူ - 온소망 (Warm Wish)

ဘာသာပြန်သူ - Marilee

                                 ****

အခန်း ၂၄

             "ဒါပေါ့ မားကီးစ်ရဲ့။ ကျွန်မ ဘာပြောခဲ့သလဲ။ ကျွန်မရဲ့ အိပ်မက်က အိမ်ထောင်ရှင် ဇနီးကောင်းတစ်ယောက် ဖြစ်ဖို့ပါဆို မဟုတ်ဘူးလား။ ကျွန်မ အဲ့ဒီအိပ်မက်အတိုင်း ကောင်းကောင်းနေနေပါတယ်"

               "...မင်း အဲ့ဒီလို ခပ်ပေါပေါ ဟာသတွေပြောတာ ရပ်လို့မရဘူးလားဟင်။ မင်းက ဇနီးကောင်းတစ်ယောက် ဖြစ်မယ်လို့ ငါတော့မယုံပါဘူး။ တခြားတကယ်ထက်မြက်ပါးနပ်တဲ့ အမျိုးကောင်းသမီးလေးတွေ ကြားကုန်ကြရင် လန့်ကုန်ကြမှာ သေချာတယ်"

               ဒီလူနဲ့တော့ မဟုတ်တော့ဘူး။ ကျွန်မက မရင့်ကျက်ဘူးလို့ ပြောနေတာလား။
               အဲ့ဒီလိုထင်တာပဲ။ ဒါပေမဲ့ လတ်တလော ကျွန်မ ဟစ်ရှ်နဲ့ စကားများခဲ့တာကို ပြန်ကြည့်မယ်ဆိုရင် အဲ့ဒီစကားကို ငြင်းပိုင်ခွင့်မရှိဘူးထင်တယ်။ စိတ်တိုလိုက်တာနော်။
               သူကတော့ နောက်လိုက် ရယ်လိုက်နဲ့ပါပဲ။ ဒါပေမဲ့ ကျွန်မက သူ့ရဲ့ တစ်ချက်တစ်ချက် တုန်ယင်လာတဲ့ ခြေထောက်တွေကိုကြည့်ပြီး စကားစလိုက်တယ်။

               "အင်းပါလေ ကျွန်မ အမြော်အမြင်နဲ့ပြည့်စုံကြောင်း ကျွန်မ ခင်ပွန်းပဲသိရင် ရပါပြီ"

               "ဟိုး..ဟိုး..ဘုရားရေ"

               "ဒါနဲ့ ညဘက်လေက နည်းနည်းအေးလာပြီ။ အထဲပြန်ဝင်ကြရင် မကောင်းဘူးလားဟင်"

               ကျွန်မက လက်တစ်ဖက်ဆန့်ထုတ်လိုက်ရင်း ပြောလိုက်တယ်။

               "မားကီးစ်ကို ရှာဖို့အတွက် ဒီအထိလာခဲ့ရတာမို့ ကျွန်မခြေထောက်တွေ နည်းနည်းနာနေပြီ။ ကျွန်မကို တစ်ဆိတ်လောက် ကူညီမလား။ အဲ့ဒီလောက်တော့ လုပ်ပေးနိုင်တယ်မဟုတ်လား"

               ကျွန်မစကားကြောင့် ကာလန်ရဲ့မျက်လုံးတွေ အနည်းငယ်ပြူးသွားခဲ့ပြီး ခဏနေတော့ တစ်ခုခုကို ထိန်းထားတဲ့အလား မျက်မှောင်ကြုတ်ပြီး ခေါင်းငုံ့လိုက်တယ်။
               ကျွန်မက သူ့အတွက် စဉ်းစားပေးဖို့ ကြိုးစားလိုက်တာဆိုပေမဲ့ သူ့မာနကို ထိပါးမိသလိုများ ဖြစ်သွားမလား။ ဒါပေမဲ့ ကျွန်မ စိုးရိမ်နေတာနဲ့ ဆန့်ကျင်စွာပဲ ခဏနေတော့ သူက စကားစလာခဲ့တယ်။

တူနှစ်ကိုယ်ရွှေလက်တွဲ အေးချမ်းတဲ့ဘဝကို လိုချင်တယ် [ဘာသာပြန်]حيث تعيش القصص. اكتشف الآن