Chapter 3 (unicode)

945 48 0
                                    

အိပ်ပျက်ညများရဲ့ ကယ်တင်ရှင်

မူရင်းစာရေးသူ - 인식론

ဘာသာပြန်သူ - Marilee

****

အခန်း ၃

"အရှင်က ကာလရှည်ကြာတဲ့ စစ်ပွဲကို ​ကျော်ဖြတ်ခဲ့ရသူပါ။ ကျွန်မတို့ ဘယ်သူမှ နားလည်နိုင်မှာမဟုတ်တဲ့ အဖြစ်ဆိုးတွေ အတွေ့အကြုံဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရသူပေါ့။ သူ့ရဲ့ တပ်ဖွဲ့တစ်ခုလုံး ညအချိန်မှာ အလစ်တိုက်ခံခဲ့ရပြီး သူတစ်ယောက်တည်း ရှင်သန်လွတ်မြောက်ခဲ့တာပါ။ သူ စစ်မြေပြင်က အိပ်မက်ဆိုးတွေ ပြန်မက်လေ့ရှိတယ်တဲ့လေ။ အရှင် အိပ်ပျော်သွားပြီးတဲ့နောက်မှာ ဓားကိုလွှဲပြီး သွေးရူးသွေးတန်း ဖြစ်တတ်လေ့ရှိပါတယ်။"

အစေခံမှူးရဲ့ မျက်လုံးထောင့်စွန်းတွေ ညှိုးကျသွားခဲ့တယ်။

"အရှင်က တကယ်ကို ကြိုးစားခဲ့ပါသေးတယ်။ အင်ပါယာမှာ အကျော်ကြားဆုံးဆိုတဲ့ ကုထုံးဆရာတွေနဲ့တွေ့ပြီး အိပ်နေတုန်း သူ့ရဲ့ ခြေတွေလက်တွေကို ချည်တုပ်နှောင်ထားတာအထိ လုပ်ခဲ့တဲ့သူပါ။ စစ်မြေပြင်မှာတော့ စစ်သည်တော်တွေက သူ့ကို တားလို့ရပေမဲ့...စံအိမ်ထဲမှာတော့ အဲ့ဒီလိုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ သူ့ရဲ့ အိပ်ခန်းထဲကို စစ်သည်တော်တွေ ခေါ်ထည့်ထားလို့ မဖြစ်ဘူးလေ။"

ရုတ်တရက် အာမာရီယွန်ရဲ့ ပါးပြင်တွေ ရဲတက်သွားခဲ့တယ်။ ညဉ့်ကာလမှာ မဟာနယ်စားမင်းနဲ့ သူ့ရဲ့မဟေသီသာ အိပ်ခန်းဆီ ချဉ်းကပ်နိုင်တာမဟုတ်လား။ စစ်သည်တော်တွေက အိပ်ခန်းဆောင်ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေကြရင် မတော်တရော် ကောလာဟလတွေ ပျံ့ကုန်မှာပေါ့။
အာမာရီယွန် သက်ပြင်းခပ်လေးလေး ချလိုက်မိတယ်။

"အဲ့ဒီလိုနဲ့ လအနည်းငယ် နေပြီးတဲ့နောက်မှာ အရှင် တစ်ယောက်တည်း ပြန်လာခဲ့တယ်လေ။ အရှင့်ကို မနိုးလာအောင်လုပ်နိုင်မယ့် နည်းလမ်းများ မရှိဘူးလားလို့ မေးခဲ့မိတဲ့ ကျွန်မတို့ကိုက ရူးမိုက်နုံနဲ့လွန်းတာပါ..."

အာမာရီယွန် နှုတ်ဆိတ်နေခဲ့မိတယ်။ သူတို့ လက်ထပ်ရတဲ့ အကြောင်းရင်းက ဒါပဲကိုး။ အာမာရီယွန်က ဓားဘယ်လိုလွှဲရမှန်းသိတဲ့ စစ်သည်တော်တစ်ယောက်ဖြစ်ပြီး မိန်းမတစ်ယောက်လည်း ဖြစ်နေပြန်တယ်လေ။ ဒါပေမဲ့လည်း ဒါက ထူးဆန်းတယ်လို့ ထင်မိနေတုန်းပါပဲ။
အခန်းထဲမှာ လက်နက်တွေ အများကြီးရှိနေတယ်မဟုတ်ပါလား။

အိပ်ပျက်ညများရဲ့ ကယ်တင်ရှင် [ဘာသာပြန်]Where stories live. Discover now