Chapter 23 (zawgyi)

123 3 0
                                    


မူရင်းစာရေးသူ - 인식론
ဘာသာပြန်သူ - Marilee

                                 ****

အခန်း ၂၃

               အင်ပါယာရဲ့ ပိုင်နက်မြေအများစုက မြေပြန့်တွေပါ။ တောင်သေးသေးလေးတွေသာရှိပြီး လမ်းတွေကိုလည်း အသေအချာခင်းထားတာမို့ လူတွေနဲ့ မြင်းရထားတွေ ခရီးသွားလာရတာ လွယ်ကူချောမွေ့လှပါတယ်။ လွယ်ကူချောမွေ့တဲ့ လမ်းပန်းဆက်သွယ်ရေးဆိုတာ ခင်းထားတဲ့လမ်းတစ်လျှောက်က ရွာတွေဟာ ပိုကြီးပြီးစည်ကားကြတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲ့ဒီအချက်ကြောင့် ခရီးသွားတွေဟာ ညတိုင်းလိုလို တည်းခိုခန်းတွေမှာ တည်းခိုနိုင်ကြတယ်လေ။
               ဒီးဒဲရစ်ခ်တစ်ယောက် ရွှေဒင်္ဂါးတစ်အိတ်နဲ့ တည်းခိုခန်းတစ်ခုလုံး ငှားလိုက်တာကို အာမာရီယွန် ကြည့်နေခဲ့တယ်။ အရင်အချိန်တုန်းကသာဆိုရင်တော့ ကြည့်နေရင်းမေ့လဲသွားလောက်တဲ့ ပမာဏဆိုပေမဲ့ အခု သူ မဟာနယ်စားမင်း စံအိမ်မှာ နှစ်လတာ နေခဲ့ဖူးပြီးပြီမဟုတ်လား။ အာမာရီယွန် အရင်ကထက်စာရင် ပိုက်ဆံနဲ့ပတ်သက်ပြီး ခံနိုင်ရည်ရှိလာခဲ့ပြီလေ။ ဒါပေမဲ့လည်း အဲ့ဒီငွေတွေ သုံးပစ်ရတာကို မပျော်နိုင်ခဲ့ပါဘူး။
               တစ်ချိန်လုံး ငိုက်မျဉ်းနေခဲ့တဲ့ ဗစ်တာကတော့ ဘာမှမပြောခဲ့ပါဘူး။

               "အပေါ်တက်နှင့်။ ကျွန်မ စားစရာတွေ ယူလာခဲ့မယ်။"

               "တခြားတစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်စမ်းပါ...ကိုယ်နဲ့နေပေး။"

               ဗစ်တာက အာမာရီယွန့် လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်တယ်။
               အာမာရီယွန်တစ်ယောက် မျက်နှာတွေ ရဲတက်လာပါတော့တယ်။

               'သူက အိပ်ငိုက်နေတာမို့လို့ ခပ်ကြောင်ကြောင်တွေ လုပ်နေတာ။ တခြားဘာအဓိပ္ပာယ်မှမဟုတ်ဘူး...'

               ဗစ်တာ့လို ကျက်သရေနဲ့ပြည့်စုံတဲ့သူကို အဲ့ဒီလို သနားကရုဏာသက်ချင်စရာ မျက်နှာထားမျိုးလေးနဲ့ တွေ့ရတာ တကယ်ထူးဆန်းလှပါတယ်။ သူ့ရဲ့နာကျင်မှုက အာမာရီယွန့်စိတ်ကို ပျော့သွားစေခဲ့တယ်။

အိပ်ပျက်ညများရဲ့ ကယ်တင်ရှင် [ဘာသာပြန်]Where stories live. Discover now