Chapter 1 (unicode)

2.3K 54 0
                                    

အိပ်ပျက်ညများရဲ့ ကယ်တင်ရှင်

မူရင်းစာရေးသူ - 인식론

ဘာသာပြန်သူ - Marilee

****

အခန်း ၁

ဆောင်းဥတု အစပြုမွေးဖွားရာ ဘုရင့်တိုင်းပြည်ဟာ အင်ပါယာကြီးရဲ့ လက်အောက်ခံအဖြစ် သိမ်းပိုက်ခံခဲ့ရတာ ရာစုနှစ်တစ်ခု ကျော်သွားခဲ့ပါပြီ။
ဘုရင့်တိုင်းပြည်ရဲ့ မြောက်ဘက်ပိုင်းကတော့ နဂိုကတည်းက စိုက်ပျိုးရေးအတွက် ခက်ခဲပြီး ​သီးနှံမဖြစ်ထွန်းနိုင်တဲ့မြေပါ။ မိစ္ဆာတွေလည်း အများကြီးရှိပြီး ကာလရှည်ကြာကြမ်းတမ်းလှတဲ့ ဆောင်းရာသီကြောင့် လူအသေအပျောက်လည်း များလှပါတယ်။
ဒီတော့ ဘုရင့်တိုင်းပြည်က ပြည်သူတွေဟာ သူမွဲ၊ သူကြွယ်၊ ကျား၊ မ မရွေး ဓားကိုင်ကြရတော့တာပေါ့။ အမျိုးသမီးတွေဟာ ဇာပန်းထိုးမယ့်အစား သားရေစတွေ ချုပ်လုပ်ဖို့ သင်ယူကြရတယ်။ ဂန္တဝင်သီချင်းတွေကို အလွတ်မှတ်သားရတဲ့အလား ဆေးမြစ်ဆေးပင်တွေအကြောင်း ကြေညက်နေအောင် မှတ်သားကြရတယ်။
ကာလရှည်ကြာလှတဲ့ ဆောင်းတွင်းတွေ ရောက်လာချိန်မှာ ဒေသခံတွေဟာ အစာရေစာကို ဝေမျှစားသောက်ကြပြီး သူတို့ရဲ့မီးရောင် မျှားခေါ်ရာနောက် လိုက်လာကြတဲ့ မိစ္ဆာတွေကို အမဲလိုက် ဖမ်းယူကြတယ်။
အဲ့ဒါက သူနေထိုင်တဲ့ နေရာပေါ့။
ရှင်သန်ဖို့အတွက် အေးခဲသွားတဲ့ ခြေတွေလက်တွေကိုတောင် ဖြတ်ပစ်သင့်ရင် ဖြတ်ပစ်ရတတ်တဲ့ နေရာပါပဲ။
အဲ့ဒီလို ပြင်းထန်ရက်စက်တဲ့ ဆောင်းဥတုကာလ ကုန်လွန်သွားချိန်မှာ ဘုရင့်နန်းတော်ဆီ ဧည့်သည်တစ်ယောက် ရောက်လို့လာခဲ့တယ်။ ဟောဒီ ဘုရင့်တိုင်းပြည်လေးနဲ့ ဘယ်လိုမှမလိုက်ဖက်တဲ့ ကြီးမြတ်တဲ့အမည်နာမရဲ့ ပိုင်ရှင်ပေါ့။
အင်ပါယာကြီးရဲ့ အာဂအောင်နိုင်သူ မဟာနယ်စားမင်း မော့ထ်။
မဟာနယ်စားမင်း အလည်အပတ်ရောက်လာတယ်ဆိုတဲ့ သတင်းက မြို့တော်ကိုတင်မကဘူး သူနေထိုင်ရာ နယ်မြေလေးကိုပါ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေတော့တယ်။

"သူ ဘာလို့ ဒီကိုလာရတာလဲ"

"ငါတို့ကိုပါ ဖျက်ဆီးပစ်တော့မှာလား"

အိပ်ပျက်ညများရဲ့ ကယ်တင်ရှင် [ဘာသာပြန်]Donde viven las historias. Descúbrelo ahora