Chapter 7 (unicode)

682 33 0
                                    

အိပ်ပျက်ညများရဲ့ ကယ်တင်ရှင်

မူရင်းစာရေးသူ - 인식론

ဘာသာပြန်သူ - Marilee

****

အခန်း ၇

"...ဘာများလဲ"

"ကိုယ်နဲ့ နေ့ဘက်မှာ ဓားရေးယှဉ်ပေးပါ"

ဓားရေးယှဉ်မယ်ပေါ့လေ။
အာမာရီယွန်တစ်ယောက် အံ့ဩတကြီးနဲ့ ခေါင်းငဲ့စောင်းလိုက်တယ်။
မဟာနယ်စားမင်းကတော့ မှတ်မိလောက်မှာမဟုတ်ပေမဲ့ သူတို့နှစ်ယောက် နေ့တိုင်း ဓားရေးယှဉ်တိုက်ခိုက်နေကျပဲမဟုတ်လား။

'ရှင်က ဘာဖြစ်လို့များ ကျွန်မနဲ့ ယှဉ်ပြိုင်ချင်ရတာလဲ'

"ကိုယ့်ကို ညတိုင်း အလဲထိုးအနိုင်ပိုင်းတဲ့ ဓားချက်က ဘယ်လိုမျိုးလဲဆိုတာကိုတော့ သိသင့်တယ်မဟုတ်လား"

မဟာနယ်စားမင်းက ဖြည်းဖြည်းချင်း ပြုံးလိုက်တယ်။ အဲ့ဒီတော့မှပဲ နယ်စားမင်းတစ်ယောက် နောက်သလိုလို ပြောနေတာမှန်း အာမာရီယွန် သဘောပေါက်လိုက်တော့တယ်။
ဘာကြောင့်မှန်းမသိ အာမာရီယွန်တစ်ယောက် ရင်တဖျပ်ဖျပ်ခုန်သွားခဲ့တယ်။ အမှန်အတိုင်းပြောရရင် သူလည်း ညတိုင်း မဟာနယ်စားမင်းနဲ့ တိုက်ခိုက်ရတာကို တကယ်သဘောမကျလှပါဘူး။ ဒါပေမဲ့...သူ မတိုက်ခိုက်ဘဲနေလိုက်လို့လည်း ရတဲ့ကိစ္စမဟုတ်ဘူးလေ။
အာမာရီယွန် ခေါင်းညိတ်လိုက်တဲ့အခါ မဟာနယ်စားမင်းရဲ့ အပြုံးက ပိုပြီးပီပြင်လာခဲ့တယ်။ မဟာနယ်စားမင်းတစ်ယောက် အခုတလော ပိုပြီးလွတ်လွတ်လပ်လပ် ပြုံးနိုင်လာတာကို အာမာရီယွန် သတိပြုမိပါတယ်။
သူက အိပ်ရာနုနုပေါ်မှာ လှဲချလိုက်ပြီး အာမာရီယွန့်ကို မျက်လုံးပင့်ကြည့်လိုက်တယ်။

"အာမာရီယွန် ကိုယ့်ရဲ့ မဟေသီ"

အာမာရီယွန်ရဲ့ နှလုံးသားဟာတော့ဖြင့် ကဆုန်ပေါက်လာခဲ့ပါပြီ။ သူက ဓားကို အလိုလို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်မိတယ်လေ။

"မင်း ဒီမှာရှိနေတဲ့အတွက် ကိုယ်ဘယ်လောက်ကံကောင်းမှန်း မင်း မသိပါဘူးကွာ"

မဟာနယ်စားမင်းက အစေခံတစ်ယောက်ကို မီးငြှိမ်းလိုက်ဖို့ အချက်ပြလိုက်တယ်။ အိပ်ခန်းတစ်ခုလုံး အမှောင်ကျမသွားသေးခင်မှာ အာမာရီယွန်ရဲ့ တစ်ကိုယ်လုံးဟာ ရှက်ရွံ့မှုကြောင့် ထူပူနီရဲတက်လာတော့တယ်။

အိပ်ပျက်ညများရဲ့ ကယ်တင်ရှင် [ဘာသာပြန်]Where stories live. Discover now