ZG/3

4K 135 0
                                    

‼️ဦးရဲ့ ရုပ်သေးရုပ်‼️

Part.3🌺

"မြူတောင်း ပန်ပါတယ် ဦး မြူ မရည်ရွယ်ပါဘူး"

အက္ခသူရိန် ကိုယ့်မျက်လုံးကိုပင်မယုံနိုင်ဖြစ်ခဲ့ရသည်မှာ အမှန်ပါ။အက္ခသူရိန် ဒေါသတို့က မီးတောင်တို့ပမာ ပေါက်ကွဲခဲ့ရလေသည်။ မိန်းမတစ်ယောက်မိမိချစ်သူကို သေစေခဲ့ရုံမက မိမိကိုပါ လှည့်စား ခဲ့သည်ကို သိလိုက်ရသည့် အသိစိတ်က အက္ခသူရိန်၏ မာနအား စော်ကားလိုက်သည့် အတိုင်းပင်။

"တောက် ...ခွေးမက ငါ့ကို လှည့်စားရဲတယ်ပေါ့"

အက္ခသူရိန်၏ ခက်ထန်လှစွာသော စကားကြောင့် မြူပင် အသားများ တဆက်ဆက်တုန်လာခဲ့ရလေသည်။

"မင်းကကော ငါကို လှည့်စားဖို့ ငါ့သတိုးသမီး ဟန်ဆောင်ရဲတယ်ပေါ့ ...အဟက် တယ်လည်း သတ္တိကောင်းနေတယ်ပေါ့"

အက္ခသူရိန် မိမိခြေထောက်အား ဖက်ကာ တောင်းပန်နေလေသော မြူ၏ ပါးနှစ်ဖက်အား လက်ဖြင့် အား နှင့် ညစ်ကာ မေးနေလေသည်။

"ဟို ဟို မြူတောင်း ...တောင်းပန်ပါတယ်"

"ကျစ် ငါက မင်းတောင်းပန်တိုင်း လက်ခံမယ်ထင်နေတာလားး"

"မင်းသေချာ မှတ်ထား အေး မင်းနဲ့လက်ထပ်ခဲ့ပေမယ့် မင်းကို ငါ ချစ်လာမယ်မထင်နဲ့နော် အဟင်းးး ...မင်းကို ငါက နိပ်စက်မှာ ဒါကမင်းရွေးချယ်ခဲ့တဲ့လမ်းပဲ"

အက္ခသူရိန် မြူ့အား ရင့်သည်းစွာ ပြောဆို၍ မြူ့အား လက်မှ ဆွဲကာ အိပ်ရာပေါ်သို့ ပစ်တင်လိုက်လေသည်။ မြူတစ်ယောက် အက္ခသူရိန်၏ အပြု မှုကြောင့် ကြောက်လန့် ကာ မျက်ရည်လေးများ ပင်စီးကျလာခဲ့ရလေသည်။

သူရိန် မြူရှိရာ အိပ်ရာထပ်သို့ တက်လာကာ ကုတင်ထပ် မျက်ရည်လေး ဝဲကာ မိမိအား ကြောက်လန့်ဟန်ဖြင့် ကြည့်နေလေသော ကောင်ပေါက်လေး၏ ခြေထောက်အား ဆွဲလိုက်လေသည်။ သူရိန် ဆွဲလိုက်သည်နှင့် ထို အကောင်ပေါက်လေးမှာ အလိုက်သင့်လေး သူရိန့် ရင်ခွင်အောက်သို့ ရောက်လာခဲ့လေသည်။

"ဦး မြူ တောင်း ပန်ပါတယ်နော် အဟင့် မြူတောင်းပန်ပါတယ်နော် မြူ့ကို ဘာမှ မလုပ်ပါနဲ့နော်"

🍀ဦးရဲ့ရုပ်သေးရုပ်🍀Where stories live. Discover now