ZG/4

3.7K 117 0
                                    

‼️ဦးရဲ့ ရုပ်သေးရုပ်‼️

Part. 4🌺

"ကျစ် ဒီကလေး ငါ့လက် ဘယ်ချိန်လွတ်မှာလည်း "

သူရိန် မိမိလက်အား ဆွဲထားလေသော အကောင်ငယ်လေးကြောင့် ဘာလုပ်၍ လုပ်ရမှန်းမသိ ဖြစ်လို့နေလေသည်။

သူ ရိန် မိမိလက်အား ဆွဲ ရင်း အိပ်နေလေသော အကောင်ငယ်လေး၏ အိပ်ရာ နဘေး၌ ထိုင်ကာ ထို အကောင်ငယ်လေး ၏ မျက်နှာ လေး အား စူးစိုက်ကြည့်နေမိလေသည်။

မွေ့ရာထပ်၌ ခွေခွေလေး အိပ်ပျော်နေရာသော အကောင်ငယ်လေး ၏ မျက်လုံးက လေး များ မှာ ငိုထား၍ မို့ အစ်လို့နေလေသည်။  သူရိန် မိမိရှေ့မှ အကောင် ငယ်လေး ၏ ပါးဖောင်းဖောင်း လေးအား လက်ညိုးလေးနှင့် တို့ကာ တို့ကာ ဖြင့် လုပ်၍ နေလေသည်။

"ငါ့မျက်လုံးနဲ့ သာ သေချာ မမြင်ခဲ့ ရင်  မင်းကို မိန်းခလေးလို့ပဲ ထင်နေမိမှာ သေချာတယ်ပေါက်စ"

"မင်း ဘယ်လို ရည်ရွယ်ချက်နဲ့ ငါ့နား ချင်းကပ် ဖို့ စဉ်းစား ခဲ့တာ မသိပေမယ့် ဒါ ဟာ မင်း ရွေးချယ်ခဲ့တဲ့ လမ်းမို့ မင်း ရွေးခဲ့တဲ့ လမ်း မင်းကိုယ်တိုင်ကရလိမ့်မယ်"

"အဟွန်း ပေါက်စ မင်းတော့ မလွတ်တော့ဘူးဆိုတာ သိထားပေတော့"

သူရိန် မိလက်အား ဆွဲကိုင်ထားလေသော အကောင်ပေါက်လေး၏ လက်သွယ်သွယ်လေး အား အသာ ဖယ်ကာ မိမိအိပ်ခန်းသို့သာ ပြန်လာခဲ့လိုက်လေသည်။

တိတ်ဆိတ်နေတဲ့ ညများက သူရိန်အတွက် အိမ်မက်ဆ်ိုးများကြား ကြောက်ရွံ့ခြင်းတို့က ကြီးဆိုးလို့နေလေသည်။

"မေလေး မေလေး ကိုကို့ကို ထားမသွားပါနဲ့ကွာ"

သူရိန့်အတွက် အဲ့ဒီနေ့လေးက ဖြစ်ခဲ့ သည်များက အိမ်မက်ဆိုးများ အလား ခြောက်လနိ့၍ နေလေသည်။ သူရိန် အိမ်မက်ဆိုးများကြောင့် နိုးထလာခဲ့ရလေသည်။ သူရိန် မိမိနဖူး၌ စီးကျနေသော ချွေးစများအား ခါထုပ်ပြစ်ကာ ရေချိုးခန်းသို့ ဝင်လာခဲ့လိုက်လေသည်။ ရေမိုး ချိုးပြီးသည်နှင့်  အောက်ထပ်သို့ ဆင်းလညခဲ့လိုက်လေသည်။

"Morning ဦး"

သူရိန် လေကား မှ ဆင်းဆင်း ခြင်း ကြားလိုက်ရသည့် မြူ့အသံကြောင့် သူရိန် မျက်နှာတို့ မုန်းတီးခြင်းသို့နှင့် အတူ ခက်ထန်သွားခဲ့ရလေသည်။

🍀ဦးရဲ့ရုပ်သေးရုပ်🍀Donde viven las historias. Descúbrelo ahora