‼️ဦးရဲ့ ရုပ်သေးရုပ်‼️
part. 25🌺
ခွန်း တစ်ယောက် သစ် ၏ အနမ်းများကြောင့် အသက်ရှုပင်ကြပ်လာခဲ့ရသည်မို့ သစ်၏ ခန္ဓာအား အတင်း တွန်းနေမိခဲ့လေသည်။
"ဟူး"
"ဘာဖြစ်တာလည်း ကလေး "
"ဘာဖြစ်ရမှာလည်းဗျ ခများ ဒီလောက်အတင်း နမ်းနေတာ ကျွန်တော်အသက်ရှု မရလို့ပေါ့ "
"ဟဲ ဟဲ နဲနဲ ကြမ်းသွားတယ် "
"ဘာ နည်း နည်းလည်း ဒီမှာ နှုတ်ခမ်းတွေ ကို ပူထူနေတာပဲ ပေါက်များသွား ပြီလား မသိဘူး "
ခွန်း သူ၏ နှုတ်ခမ်းလေး အား လက်ကလေး နှင့် ကိုင်ကာ ပြောနေသည်မို့ သစ်ပြုံးမိလိုက်လေသည်။
"ဘာပြုံးတာလည်း ခများကြီး "
"ဘာမှ မဟုတ်ပါဘူး ကွာ သဘော ကျလွန်းလို့ပါ"
"ဘာသဘောကျတာလည်း "
"ကလေး နှုတ်ခမ်းလေးတွေ ကိုလေ နွေးနွေးလေးနဲ့ အရမ်းချိုနေတော့ ဒီကကောင်ကြီးက အရမ်းကို စွဲ လမ်းပြီး ချစ်မိသွားလို့ပါ "
"ဘာ ချစ်မိတာလည်း သွား သျှင်မြူ့ကို သွားပြောလေ"
"ဟင့်အင်း ကိုယ်က ကလေးကို ချစ်တာလေ ဘာလို့ မြူလေးကို သွား ပြောရမှာလည်း "
"မသိဘူး သွား လာမချစ်နဲ့ "
ခွန်းစစ် သစ်အား မျက်စောင်းလေး ထိုး ကာ နှုတ်ခမ်းလေးစူ၍ ပြောနေသည်မို့ သစ် အသဲများပင်ယားလာခဲ့ရချေသည်မို့ စူနေသော ခွန်း၏ နှုတ်ခမ်းလေး အား တစ်ဖန် ပြန်၍ နမ်းလိုက်လေသည်။
ပြီး နောက် သစ် ခွန်း လက် ကလေး အား ဆွဲ ကာ မြူလေး ရှိရာ အခန်းတို့ ပြန်လာခဲ့လိုက်လေသည်။
"မြူလေး ကိုကြီး ပြန်တော့မယ်နော်"
"ပြန်တော့မှာလား "
"အင်း "
"သြော် ကို သူရိန် လည်း ရောက်နေပြီ ကို စိတိချမယ်နော် ကို သူရိန် "
"နွယ်နဲ့ ကသစ် ကိုပြန်တော့မယ်နော် "
သစ်တစ်ယောက် အား နှုတ်ဆက်ပြီး ကာ ခွန်း လက်ကလေး အား ဆွဲ ကာ အခန်းမှ ထွက်မည် အပြု