Uni/19

1K 15 5
                                    

‼️ဦးရဲ့ ရုပ်သေးရုပ်‼️

part. 19🌺

(သျှင်မြူပြောသလို အကိုတစ်ယောက် သံယောဇဉ်မှ ဟုတ်ရဲ့လား ဦးရယ်")

ခွန်းစစ် စိတ်ထဲ ၌ သာ ပြောနေမိခဲ့လေသည်။

"ကလေး ဘာလို့လည်း ကော်ဖီက အဆင်မပြေလို့လား "

သစ် အမေးစကား သံကြား မှ ခွန်းစိတ်နဲ့ လူနဲ့ ပြန်ကပ်ခဲ့ရလေတော့သည်။

"ဟို ကောင်းပါတယ်ဦး "

"အဟွန်း ကလေး က ဦး ကော်ဖီ ဖျော်တိုက်ဖူးတဲ့  ဒုတိယလူနော်"

(ဒုတိယလူတဲ့ လား ဦးရယ် ခွန်း နည်းနည်းတော့ အတ္တကြီး မိချင်တယ် ပထမလူ လေး ဖြစ်ခွင့် ရချင်တယ် ဦးရယ်)

"အာ့ ဆို ခွန်း ပျော်ရမှာ ပေါ့ နော် ဦး "

"ဒါပေါ့ "

ဦး ရဲ့ မျက်နှာလေး မှာ ပြုံး ရွှင်လို့ နေပေမယ့် ခွန်း၏ မျက်ဝန်းတွင်တော့ ဝမ်းနည်း မှုတို့က ရောင်ပြန်ဟပ်လို့နေလေသည်။

"ဒါနဲ့ ကလေး ဦး ကို မေးမယ်ဆိုတာက ဘာများလည်း "

"ဟို ထွေထွေ ထူးထူး ကိစ္စရယ်တော့ မဟုတ်ပါဘူး ဦး ခွန်း ဒီတိုင်း သိချင်စိတ်လေး ပေါ်လာလို့ ဦးစီလာခဲ့တာပါ"

"တီလေးက ပြောတယ် ဦးက သူ့အချစ်ဟောင်းဆို "

"နွယ်လား"

ခွန်းစစ် အမေးကြောင့် ပြုံးနေသော သစ်၏ မျက်နှာ လေး ငြိုးသွားရလေသည်။

"ဟို ဦး အဆင်ပြေမှ ပြောပြပါ "

"ခွန်း အတွက်အရေး မကြီးပါဘူး"

"ဦးပြောပြပါ့မယ် "

"ဒီလို ပါ ဦးတို့နှစ်ယောက်က ငယ်ရွယ်တုန်း အချစ်ရှာ မိ ခဲ့တော့ ၁၉ကျော်သက်ပြီပီ အခန့်မသင့် စကား များ ပြီး လမ်းခွဲ ခဲ့ကြတာပါ။ပြီးတော့ နှစ်ယောက်က ဂျပန်မှာ ပညာတင်နေတဲ့ အခ်ျိန်ဆိုတော့ သဘောထား ချင်းကလည်း မတိုက်ဆိုင်ဖြစ်ခဲ့ကြတယ်လေ အဲ့ဒါမို့ နှစ်ဦး သဘောတူ လမ်းခွဲ ခဲ့ကြတာပါ။"

"သြော် ဟုတ် ဦး "

"ဒါနဲ့ ဦး သျှင့်မြူ့အပေါ်ကော ဘယ်လို သဘောထားလည်း ..ပြီးတော့ ခွန်းသိထားတာနဲ့ ဦးသိထားတဲ့ ကိစ္စတွေ က လွဲ နေတယ်ထင်လို့ပါ"

🍀ဦးရဲ့ရုပ်သေးရုပ်🍀Where stories live. Discover now