Uni/6

1.3K 13 0
                                    

‼️ဦးရဲ့ ရုပ်သေးရုပ်‼️

Part. 6

"အော်နေအုန်း အဟွန်း ကြမ်းတိုက် အဝတ်လျှော်ပြီးရင် ခြံထဲက ပန်းတွေ ရေလောင်း "

"အိမ်ရှေ့က ရေကူးကန်ကော ကြမ်းတိုက်ထား "

"ဟုတ် ဦး"

သူရိန် မြူ့အား ပြောစရာ ရှိတာ ပြောပြီး သည်နှင့် မေလေး၏ တရားနာ သို့ ထွက်လာခဲ့လိုက်လေသည်။

"အား ကျွတ် ကျွတ်  ခြေထောက်ကလည်း ရောင်လာပြီ ...ငါ နားနေဘို့ မဖြစ်ဘူး ဦး ပြန်လာ လို့ မှ မပြီး သေးရင် ဦး ငါ့ကို ဆူ လိမ့်မယ်"

"ဟူး"

မြူ နောက်ဖေးမှ ရေပုံးလေးထဲ ဆပ်ပြာ ဖျော် ကာ ကြမ်းတိုက် ရန် မကောင်းသည့် အစ တစ်ခု အား ရှာ၍ အိမ်ကြီး တစ်ခု အား စတင် ၍ သန့် ရှင်း ရေး လုပ်လေသည်။ ခြေထောက်မှ ဒဏ်ရာက လည်း နာ သည်မို့ မြူ ကြိတ်မိတ်ကာ ကြမ်းတိုက်လေသည်။

"မြူ အေးမိ မြူ့ကို လုပ်ကူပါရစေလား "

အေးမိတစ်ယောက် ဒဏ်ရာ ကြီး နှင့် မမောနိုင်မပန်းနိုင်ကြမ်းတိုက်နေရှာသော မြူ့အား သနား လှသော ကြောင့် အေးမိဤကဲ့သို့ ပြောလိုက်ခြင်းပါ။

"ရပါတယ်နော် မြူလုပ်နိုင်ပါတယ် မြူ့အတွက် ဒါတွေက လုပ်နေကြ ပုံမှန်အလုပ်တွေပါပဲ "

"ဟင် ပုံမှန် အလုပ်ဟုတ်လား "

အေး မိအမေးကို မြူ အပြုံးလေး ဖြင့် သာ ခေါင်းငြိမ့်ပြခဲ့လေသည်။

"အို မြူလေးရယ် ယောက်ကျားလေး တန်မဲ့ ဒီလို အလုပ်တွေ လုပ်ရတယ်တဲ့လား "

"အေးမိ တကယ် စိတ်မကောင်းပါဘူး"

"ဒါနဲ့ လေ သခင်ကြီး ကို မမုန်းပါနဲ့ နော် သခင်ကြီး က အရမ်း သဘောကောင်းတဲ့ သူတစ်ယောက်ပါ။ အေးမိ ငယ်ငယ်လေးထဲက ဒီ စံအိမ်ကြီး မှာ အလုပ်လုပ်လာရတာမို့ သခင်ကြီးရဲ့ စိတ်ကို အေးမိသိတယ်"

"ခု ချိန်က မမလေး မေမြတ်နိုးဆုံးသွားတဲ့ အရိန်နဲ့ မို့ သခင်ကြီးက ခုလို ခက်ထန်နေတာပါ"

"ဟုတ်ပါ မြူ နားလည်ပါတယ် နော် မြူ အလုပ်ဆက်လုပ်လိုက်အုန်းမယ်"

🍀ဦးရဲ့ရုပ်သေးရုပ်🍀Donde viven las historias. Descúbrelo ahora