ZG/22

2.8K 104 1
                                    

‼️ဦးရဲ့ ရုပ်သေးရုပ်‼️

  part. 22🌺

ခွန်း သစ်ဖက်ထားသည့်လက်အား ဆွဲ ဖြုတ်လိုက်လေသည်။

"ကျွန်တော် ခများကို မချစ်ဘူး "

"အရင်က ဘာတွေ ပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ အဲ့ဒါတွေ အားလုံးကိုလည်း ကျွန်တော်မေ့လ်ိုက်ပြီ ..နောက် ကျွန်တော့က်ို လာ မပက်သတ်ပါနဲ့ "

"ကျွန်တော် နေသား ကြနေပါပြီ ကျွန်တော့ နှလုံးသား ကလည်း နောက်ထပ်မနာကျင် မခံ စား ချင်တော့ဘူး "

"ကျွန်တော့ ဘဝ ကြီး က အစထဲ က သေနေခဲ့ ပြီးသား ပါ "

"ခများ ရဲ့ စိတ်ကို ခများ မလုံ လို့ တာဝန် ယူမယ်ပြောတာ တွေ ရင်ထဲ က မပါတဲ့ ချစ်တယ် ဆိုတဲ့ စကား တွေနဲ့ ကျွန်တော့ ကို မဆွဲ ထား ချင်ပါနဲ့ "

"ကျွန်တော့ နှလုံးသားကြီး က အဲ့နေ့ထဲ ကသေသွား ခဲ့ ပြီ "

"ဘာတွေ ဘယ်လို ရှိခဲ့ပါ စေ ကျွန်တော်က ခွင့်လွတ် နားလည် ပေးခဲ့တာ မို့ ကျွန်တော်ကိုယ်တိုင်က ပဲ ခွင့်ပြု ပေးခဲ့တာမို့ "

"ခများရဲ့ စိတ်ထဲ ဘာမှ မစိုး ရိမ်ပါနဲ့ "

"ကျွန်တော် ပြန်မယ် ဦးသစ်"

ခွန်း သစ်၏ လက်အား ဖယ် ပြစ်နေသော်လည်း သစ် အလွတ် မပေးခဲ့ပါချေ။ သစ် တင်းကျပ်စွာဖြင့် သာ ဖက်ထား မိလိုက်လေသည်။

လွန်ခဲ့သော ၂လခန့်က...

"အား ကျွတ် ခေါင်းတွေ ကိုက်လိုက်တာကွာ "

သစ် ညက အရက်တွေ လွန်စွာ သောက်ထားသည်မို့ မိုးလင်သော် ခေါင်းတို့က ထိုင်းမိုင်းစွာ ကိုက်ခဲ လို့နေလေသည်။

"ဟင် ငါ ဘယ်ရောက်နေတာလည်း ငါ့အခန်းလည်း မဟုတ်ပါလား "

သစ်တစ်ယောက် အိပ်ယာ မှ နိုးနိုးခြင်းပင် ပတ်ဝတ် ကျင်အား ဝေ့ဝဲ ကြည့်မိလိုက်လေသည်။

"ဟင် ဒါက "

ခွန်း ၏ လက်ပတ်ကြိုးလေးအား မထင်မှတ်ပါ ပဲ အိပ်ရာ ထဲ ၌ တွေ့ လိုက်ရသည်မို့ သစ်  ညက အဖြစ် အပျက်များ အား စဉ်းစားနေမိခဲ့လေသည်။ ပြီးနောက် မိမိခန္ဓာကိုယ်မှ အဝတ်အစား များ မှာ မနေ့က ဝတ်ထားသည့်အဝတ် အစား များ မဟုတ်ပါ ပဲ ညဝတ် အကျီ ဖြစ်နေသည်မို့ သစ် ကိုယ့်ဘာသာ မယုံ နိုင်စွာ ဖြင့် ညကအကြောင်းအား ပြန်လည် စဉ်းစားနေမိခဲ့လေသည်။

🍀ဦးရဲ့ရုပ်သေးရုပ်🍀Where stories live. Discover now