"အတာပုဆိုးကြီးနဲ့မနေတတ်တော့လို့ ဘောင်းဘီလဲဝတ်လိုက်ဦးမယ် ဦးကဆိုင်ထဲဝင်နှင့်နော်"
"OK အတာအဆာပြေစားလို့ရအောင်တစ်ခုခုအရင်မှာထားပေးမယ်နော်"
"ဟုတ်"
"ထိုင်ဆက်ပိုင်"
"မင်းတို့ရောက်နေတာကြာပြီလား"
"မကြာသေးပါဘူး စောစောကမှရောက်တာ ငါတို့ထင်တာကနင်ဒီနှစ်လည်းတရားစခန်းဝင်မယ်ထင်နေတာ"
"မဝင်ဖြစ်ပါဘူး ဟိုလေညီလေး အာလူးကြော်တစ်ပွဲ ပုစွန်ချီစ်တစ်ပွဲအရင်ချပေး ပြီးမှဆက်မှာမယ် မြန်မြန်လေးလုပ်ပေးနော်"
"နေ့လယ်စာချိန်ကြီးကို ဘာတွေမှာနေတာလည်း"
"မင်းတို့ကြိုက်တာမှာလေ ငါကခဏလေးနေမှမှာတော့မယ်"
"ပြီးရောမောင်လေးအမတို့ကိုလေ~~~~~~~~~~~ရပြီအဲ့ဒါပဲ ကိုရောချစ်မှာတာပဲစားမှာမလား"
"ရတယ်ကိုကဘာဖြစ်ဖြစ်"
"ချစ်ပိုက်ဆံအိတ်တွေကို ဆက်ပိုင်ဘေးကခံုပေါ်တင်ထားလိုက်လေကိုကိုလေးနေမှာပေါ့"
"မရဘူး ဒီနားလူရှိတယ်"
"ဘယ်သူရှိလို့လည်း မနောက်ပါနဲ့"
"အတာ ဒီမှာ"
ဦးဆက်ပိုင်တို့စားပွဲဝိုင်းသို့အဝတ်လဲပြီးရောက်လာသောအတာ
"ကို သူ့ကိုသိလား"
"ဟင့်အင်းခုမှမြင်ဖူးတာ ချစ်ကောသိလို့လား"
"မသိပါဘူး ကောင်လေးကအတော်ငယ်သေးတဲ့ပံုပဲ"
"ထိုင်အတာ "
"အဟမ်းအဟမ်း ဘယ်သူလည်း ငါတို့နဲ့မတွေ့ရတဲ့1နှစ်အတွင်းကို ကလေးတွေဘာတွေမွေးစားလိုက်တယ်ပေါ့"
"ဘာတွေပြောနေတာလည်း ဒီကလေးက ငါ့ဟိုဘက်ခြံက သူနာမည်ကအတာတဲ့"
"အော် အော်"
"အတာ သူတို့က အကို့မိတ်ဆွေရင်းတွေ သူကနီလာ သူကတော့ မင်းထက်ဦး အကိုလို့ပဲဆရာဝန်တွေ"
"ဟိတ် ဟိတ် နင်လိုဝါရင့်FAကြီးတော့မဟုတ်ဘူး တို့ကအချစ်နဲ့"
YOU ARE READING
"အတာ ရဲ့ ဦး"
Romanceအသက်ဆယ်နှစ်ကျော်ကွာတဲ့ဦးဆက်ပိုင်နဲ့အတာဆိုတဲ့ကောင်ဆိုးလေးတို့ကြားကအချစ်ကိုပံုဖော်ထားတဲ့သကြင်္န်ဇာတ်လမ်းတိုလေးတစ်ပုဒ် "အတာရဲ့ဦး"