"ဟယ်လို ဒေါက်တာလား မောင်လေးအဖျားတွေတက်နေလို့ အဲ့ဒါအခုလာပေးလို့ရမလား မဟုတ်လည်းအိမ်ကကားလွှတ်ပေးလိုက်မယ်လေ အာ ဟုတ်ကဲ့ ရပါတယ်ဆရာ"
"ဘာတဲ့လဲသမီး"
"ဒေါက်တာကသူ့မိဘတွေရဲ့နယ်ကိုရောက်နေလို့တဲ့ နောက်2ရက်နေမှပြန်ရောက်မှာ"
"အဲ့ဒါဆိုဘယ်လုပ်ကြမလဲ ဆေးရံုပဲခေါ်သွားမလား"
"ဆေးရံုတင်ရလောက်တဲ့ထိမှမဟုတ်တာ ဖျားရံုလေးကို"
"ကိုယ်ပူကမကျဘူးဖေဖေရဲ့"
"ဒီလိုလုပ်ပါလား ခေါင်းရင်းခြံကဒေါက်တာ့ကိုပဲခေါ်ပြကြည့်မလား "
"လာပါ့မလားလို့"
" သွားခေါ်ကြည့်ပါဦး သူမလာတော့မှပဲဆေးရံုသွားကြတာပေါ့"
"ကျွန်တော်သွားလိုက်မယ် အမေ"
"အေးအေး"
"တီးတောင် တီးတောင် တီးတောင် တီးတောင် တီးတောင်
ညကြီးမင်းကြီးဘယ်သူလဲ ဘာကိစ္စရှိလို့လဲ""ဒေါက်တာရှိလားဗျ အရေးကြီး လို့ပါ ကျွန်တော်ဘေးခြံကပါ"
"ဒီချိန်ကြီးကို "
"လုပ်ပါဗျာ ကျွန်တော့်ယောက်ဖ တော်တော်လေးနေမကောင်းဖြစ်နေလို့ပါ ကူညီပါဦး"
"နေဦးပြောကြည့်ပေးမယ် ခဏစောင့်ဦး"
"ဒေါက်ဒေါက် ဆရာ ဆရာ ဆရာ "
"ဒီချိန်ကြီးဘာလုပ်ဖို့နှိုးတာလဲ"
"ဟိုဘေးခြံက လူတစ်ယောက်လာခေါ်လို့ သူ့ယောက်ဖကအတော်လေးနေမကောင်းဖြစ်နေလို့တဲ့ အဲ့ဒါ "
"ယောက်ဖဟုတ်လား"
အိပ်မှုန်စုပ်ဖွားနဲ့ဦးဆက်ပိုင်အောက်ဆင်းလာသည်
"ဒေါက်တာ ခဏလောက်လိုက်ကြည့်ပေးပါဦး အတာကိုယ်တွေတအားပူပြီး သတိလစ်ချင်သလိုဖြစ်နေလို့"
"ကျွန်တော်အခုလိုက်ကြည့်ပေးမယ် ကိုမြင့်သန်းဆေးအိတ်ယူပြီးလိုက်ခဲ့"
'ဘယ်လိုဖြစ်တာလည်းအတာရယ် ညနေကပြန်လာတဲ့အထိအကောင်းကြီးကို' စိုးရိမ်စိတ်များစွာဖြင့်ဦးဆက်ပိုင်အတာဆီသို့အပြေးကလေးလာခဲ့သည်
ČTEŠ
"အတာ ရဲ့ ဦး"
Romanceအသက်ဆယ်နှစ်ကျော်ကွာတဲ့ဦးဆက်ပိုင်နဲ့အတာဆိုတဲ့ကောင်ဆိုးလေးတို့ကြားကအချစ်ကိုပံုဖော်ထားတဲ့သကြင်္န်ဇာတ်လမ်းတိုလေးတစ်ပုဒ် "အတာရဲ့ဦး"