အခန်း(3)

58 0 0
                                    

သကြင်္န်ကြဖို့(7)ရက်အလို

"နိုးပြီလား   မောင်လေး"​

"မေမေရေ  အတာနိုးလာပြီ"​

"ဖြေးဖြေးအော်ပါခတ္တာရယ် ခုမှနိုးတာကို မောင်လေးလန့်သွားပါဦးမယ်"​

"အတာဘယ်လိုလုပ်ပြီးအိမ်ပြန်ရောက်နေတာလည်း"​

"ပြောရရင်တော့ရှည်တယ် အတာရေ  မမတို့တောင်မယံုနိုင်ဘူး"​

"ဘာလို့လည်း  အတာ့အစွမ်းနဲ့သူ့ဘာသာပြန်ရောက်လာတာလား""
"ဒီကလေးကတော့နိုးတာနဲ့စနောက်ပြီ  ခတ္တာကိုသာမေးကြည့်တော့"​

"သားနိုးလာပြီလား  မေမေတို့မှာမနေ့ညကစိတ်ပူလိုက်ရတာ သားလေးကခုထိမိုးချိန်းရင်ကြောက်တုန်းနဲ့တူတယ်​  ညကမိုးကတအားသည်းတော့ပြန်မလာပြန်မလာနဲ့ "​

"ဟုတ်တယ်မောင်လေးရဲ့  မင်းရဲ့သူငယ်ချင်းကိုphဆက်ကြည့်တော့လည်းပြန်သွားပြီပြောတယ်လေ  မေမေနဲ့ဖေဖေတို့ညကမအိပ်ဘဲစောင့်နေကြတာ  ဖေဖေဆိုကိုစိုးနဲ့အပြင်ထွက်ရှာဖို့အထိတောင်လုပ်ထားတာ  တော်သေးပြန်ရောက်လာလို့"

"​ဘယ်လိုရောက်လာတာလည်းလို့"

"​မလတ်ပြောပြမယ်  တစ်အိမ်လုံးဧည့်ခန်းမှာစိတ်ပူနေကြတုန်း​ခြံရှေ့ကကားသံကြားလို့ထွက်ကြည့်တာ  ဟိုဘက်ခြံကကိုရေခဲတံုးရဲ့ကား  သူကခြံထဲထိမောင်းဝင်လာတော့လန့်သွားကြတာ   ပြီးတော့မှကားပေါ်ကဆင်းလာပြီး.....​

"ကျွန်တော်ဒီကလေးကိုလမ်းမှာကားရပ်နေတာတွေ့လို့  အရမ်းလည်းကြောက်ပြီးငိုနေတာမလို့  အိမ်ပြန်လိုက်ပို့ပေးတာပါ  ဒီမှာကသူ့ကားသော့ ကားကတော့ စက်ရံုသစ်လမ်းမကြီးဘေးမှာရပ်ထားခဲ့တယ်​ လောလောဆယ်တော့အရမ်းပင်ပန်းပြီးအိပ်ပျော်သွားတာမလို့  ကျွန်တော်သူ့အိပ်ခန်းထိပို့ပေးရမလား "​

.....​အဲ့ဒါပဲ ဒါကြောင့်မနေ့ကမိုးထရွာတာနေမှာ  အခန်းထဲထိအောင်ချီပြီးပို့ပေးခဲ့တာနော်  သူကတော့မိုးရေတွေစိုနေတုန်းပဲ  နှာတွေတောင်ချေတယ်  ဒီလူကြီးကတဖက်သားကိုကူညီပေးတတ်သား ဟွန့်"​

"ဘာလဲငါ့သမီးလေးကမနာလိုဖြစ်နေတာလား"​

"မေမေကလည်းဖြစ်စရာလား  အံ့သြလွန်းလို့ပါ  ဒါနဲ့အတာကဒီခြံကဆိုတာဘယ်လိုသိတာပါလိမ့်"

"အတာ ရဲ့​ ဦး"​ Où les histoires vivent. Découvrez maintenant