"::ဟယ်လို ဦး လား:
:ပြောလေအတာ:
:အတာ့ကိုမနက်ဖြန်လေဆိပ်လိုက်လိုက်ပို့ပေးပါလား:
:လေဆိပ်လိုက်ပို့ပေးရမယ်:
:ဘာလဲမအားလို့လား ဒါမှမဟုတ်လိုက်မပို့ပေးချင်လို့လား:
:မဟုတ်ပါဘူး အကိုလိုက်ပို့ပေးမယ်လေ :
:ပြီးရော အတာ စောင့်နေမယ်နော် ဦး:
:ဟုတ်ပါပြီဗျာ :""သားပစ္စည်းတွေထည့်နေတာလား မေမေပြန်လွှတ်ရမှာတောင်စိတ်မချဘူးကွယ် နေကကောင်းကောင်းကောင်းသေးတာမဟုတ်ပဲ"
"ကောင်းနေပါပြီမေမေရဲ့ နောက်တစ်နှစ်ဆိုရင်ကျောင်းပြီးပြီပဲ လ်မ်းလက်စနဲ့နောက်တစ်နှစ်ပဲသည်းခံပေးပါမေမေရယ်"
"ဟုပါပြီ မေမေတစ်နှစ်ထပ်လွမ်းတာပေါ့ ဒါနဲ့သားနဲ့ဟိုဘက်ခြံကဒေါက်တာလေးအခြေနေကရော "
"ဘာအခြေနေလဲမေမေကလည်း"
"မေမေတို့က လည်းခေသူမဟုတ်ပါဘူးနော် သားအတွက်လုံခြုံစိတ်ချပြီး ချစ်ပေးတဲ့ဘယ်သူ့ကိုမဆိုမေမေတို့က လက်ခံပေးမှာပါ"
"မေမေကဘာတွေလာပြောနေမှန်းမသိဘူး"
"အမယ့်ရှက်မနေပါနဲ့ မေမေအကုန်သိမြင်နေပါတယ်နော်"
"အာမေမေသွားတော့ သားအိပ်တော့မယ်"
"ရှက်နေလိုက်တာ ပါးလေးတွေကိုရဲလို့"
"မေမေ့"
"အေးပါသားရယ် "
'ဘေးလူတွေတောင်သိကုန်ပြီ မသိတာသူပဲ'
______________________
" ကဲအခုလိုမိဘကိုသိတတ်တဲ့ကျေးဇူးကြောင့် အဖေ့သားလေးသွားလေရာဘာလေရာဘေးကင်းပါစေကွယ်"
"မေမေ့သားလေး ထူးချွန်ထက်မြတ်ပြီးသားမလို့ သားဖြစ်ချင်တဲ့ဆန္ဒများအမြန်ဆုံးဖြစ်လာပြီး ချစ်ရတဲ့သူနဲ့အမြန်ဆုံးနီးစပ်ပါစေကွယ်"
"ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏ ဖေဖေနဲ့မေမေ"
"သွားရအောင်ညီလေးရေ လေယာဉ်မမှီပဲနေမယ် ကားပိတ်မှာနဲ့ဘာနဲ့ "
"သွားပြီးဖေဖေနဲ့မေမေ"
"အေးအေး"
"သွားပြီထွေးလေး"
YOU ARE READING
"အတာ ရဲ့ ဦး"
Romanceအသက်ဆယ်နှစ်ကျော်ကွာတဲ့ဦးဆက်ပိုင်နဲ့အတာဆိုတဲ့ကောင်ဆိုးလေးတို့ကြားကအချစ်ကိုပံုဖော်ထားတဲ့သကြင်္န်ဇာတ်လမ်းတိုလေးတစ်ပုဒ် "အတာရဲ့ဦး"