အခန်း(၂)

72 0 0
                                    

သကြင်္န်ကျဖို့(8)ရက်အလို

"သားလေးခရီးတွေဘာတွေထွက်ချင်သေးလား​ "​

"မထွက်တော့ဘူးမေမေ  ရောက်တုန်းရောက်ခိုက်အိမ်မှာပဲမေမေတို့နဲ့အတူဒီနှစ်သကြင်္န်ကိုဖြတ်သန်းတော့မယ်"

"ဒါနဲ့သားသူငယ်ချင်းတွေရောသားပြန်ရောက်တာမသိသေးဘူးလား"​

"မနက်ကမှphဆက်ထားတယ်  မိုးဇော်ကတော့နေပြည်တော်ကဆင်းလာမှာမလို့  သူငယ်ချင်းတွေဒီနှစ်သကြင်္န်မှာတူတူဆုံကြဖို့ချိန်းထားကြတယ်"

"​ကောင်းသားပဲမောင်လေးရဲ့  မိုးဇော်ကိူလည်းအိမ်မှာပဲတည်းခိုင်းလိုက်လေ  ဟိုတယ်တွေလုပ်မနေနဲ့  ခုမှပြန်တွေ့ကြတာဆိုတော့ အိမ်မှာမမကြီးမုန့်လုပ်ကျွေးမယ်  အကုန်အိမ်ကိုပဲဖိတ်လိုက်"

"​ဟုတ်မမ​ကြီး​  မမလတ်ကောငြိမ်နေပါလား"

"​ငြိမ်နေပံုထောက်ရင်​ ခတ္တာတစ်ယောက်ဟိုဘက်ခြံကို  showနေပြီထင်တယ်"

"​ဟုတ်မှာ  သူပဲပွစိပွစိပြော  ပြီးရင်သူပဲမနေနိုင်ဘူးချောင်းရပြန်ပြီ"

"​မမလတ်ကဘာလို့ဟိုဘက်ခြံကိုချောင်းနေရတာလဲ"

"​အတာ​ရယ်​ မင်းအမစပ်စလူးအကြောင်းလည်းသိသားနဲ့  ဟိုဘက်ခြံထက်ဟိုဘက်ခြံကလူကိုချောင်းတာဆိုပိုမှန်လိမ့်မယ်   ဟောဟိုမှာလာပါပြီ"

"​မမလတ်  ဟိုဘက်ခြံကဦးလေးကြီးကိုချောင်းရတာအဆင်ပြေရဲ့လား​ မှန်ဘီလူးယူဦးမလား"

"​အေး.....ဟဲ့ကောင်စုတ်​နင်ဟာ ငါကဘာကိစ္စချောင်းရမာလည်း​ အဲ့ကပ်စေးနှဲကော်တရာ ရေခဲတံုးကြီးကို"

"​အေးအဲ့ရေခဲတုန်းဆရာဝန်ကြီးကိုခတ္တာပဲနေ့တိုင်းချောင်းကြည့်နေတာမလား"

"​မမကြီးနော်    ခုတောင်ခတ္တာကအပင်ရေသွားလောင်းရင်းသူ့ကိုမတော်တဆကြည့်မိတာကို​ ပြတင်းပေါက်ပိတ်သွားတယ်လေ​ အံ့သြပါ့  သူကပဲရာရာစစ"

"​အဲ့လောက်တောင်လားမမလတ်  အတာ့အမြင်ကတော့သဘောကောင်းမယ့်ပံုပါပဲ"​

"​အဟွတ်  အဟွတ်  အမလေးအတာရယ်  သူလားသဘောကောင်းမှာ  သူကတစ်ရပ်ကွက်လုံးနဲ့တစ်ယောက်လေ​ သူဘေးခြံစပြောင်းလာကစတုန်းကဆိုရင်  မမကသွားပြီးမိတ်ဖွဲ့တာကို  မလိုဘူးဆိုပြီးခြံတံခါးပိတ်ပစ်ရော "

"အတာ ရဲ့​ ဦး"​ Tempat cerita menjadi hidup. Temukan sekarang