P_9

46 0 0
                                    

"ဦးလေး​   ဦးကနောက်ကြမှာလား"

"​အေးကွ  ဒီနေ့​ night dutyရှိတယ်လို့ပြောတယ်"

"​အတာကပြောစရာရှိလို့ကို​  phတွေခေါ်တာလည်းမကိုင်ဘူး"

" မအားလို့​နေမှာ​   အလုပ်ချိန်ဆိုဘယ်phမှမကိုင်ဘူး  အဲ့ဒါကြောင့်လည်းမနွယ်နဲ့ဝေးခဲ့ရတာပေါ့"

"​မ​နွယ်​ ဟုတ်လား"

"​ဟေ​ ပြောမိလိုက်တာလား"

"​မနွယ်ကဘယ်သူလဲ​  ဦးနဲ့ဘယ်လိုပတ်သတ်နေတာလည်း"

"​ဘယ်သူမှမဟုတ်ပါဘူး  ဦးလေးလည်းပြောပြလို့မရဘူး  ဆရာသိရင်အလုပ်ပြုတ်မှာ"

"​အစဖော်တုန်းကဖော်ပြီးတော့  ပြောမရဘူးပြောပြ  ဦးမသိပါဘူး  အတာလည်းပြန်မပြောဘူး"

"​ပြီးရော​နော်​ ဒီလို​ မနွယ်ဆိုတာက  ဆရာနဲ့၁၀တန်းမှာစတွေ့ကြတာ။ နာမည်အပြည့်အစံုကခင်လေးနွယ်  အဲ့အချိန်တုန်းက မနွယ်က ကျောင်းမှာအလှဆုံးအချောဆုံးစာကလည်းတော်  ပိုက်ဆံကလည်းရှိိ  မာနကလည်းအင်မတန်ကြီးတာ  ဆရာ၁၀တန်းကိုမန္တလေးမှာ​ ပြောင်းတက်ရင်း  မနွယ်နဲ့သိကျွမ်းကာချစ်သူတွေဖြစ်သွားကြတယ်ဆိုပါတော့​ "

"​ဟုတ်​  ဆက်ပြောပါဦးလေး"

"​ဆက်ပြောလုပ်နေတယ်  မိုးချုပ်နေပြီလေ မပြန်ဘူးလားအိမ်ကစိတ်ပူနေအံုးမယ် "

"​အိမ်ကိုပြောခဲ့ပြီးမှလာတာပါ  စိတ်မပူနဲ့"

"​အဲ့ဒါဆိုလည်းဆက်ပြောတာပေါ့   ချစ်သူတွေဖြစ်သွားကြပေမယ့်လည်း  မနွယ်ကအရမ်းရှုပ်တာ  မရှင်းမရှင်းနဲ့  အဲ့ကိစ္စနဲ့ပတ်သတ်ပြီးဆရာနဲ့ခဏခဏစကားများကြတယ်လေ   ဒီလိုနဲ့ပဲဆရာ  ဆယ်တန်းအောင်ပြီး  ဆေးကျောင်းတက်တော့  ဆရာ့အဖိုးတွေကရန်ကုန်ဆေး(၁)ကိုပို့ခဲ့ကြတယ်  အဲ့မှာစဝေးတော့တာပဲ  ဝေးပေမဲ့ဆရာကအမြဲ ပိတ်ရက်တွေမှာသွားတွေ့တယ်  နောက်တော့ရန်အကြီးကျယ်ဖြစ်ပြီး​အဆက်သွယ်မလုပ်ကြတော့ပဲ  ဆရာကဆေးကျောင်းပြီးလို့ အလုပ်သင်ကာလမှာပဲ  မနွယ်ထပ်ရောက်လာပြီး  ဆရာ့ကိုတောင်းပန်ခဲ့တယ်  အဲ့ဒါနဲ့ဟိုလိုလိုဒီလိုလိုပါပဲ​ ဆရာကမနွယ်ကိုသနားပြီးသာလက်ခံလိုက်တာ​ မနွယ်မိဘတွေနဲ့ ဆရာ့အဖိုးဖွားတွေနဲ့က မိတ်ဆွေတွေမလို့လေ  နောက်တော့စေ့စပ်အေးလိုက်တဲ့ထိပဲ  မနွယ်ကအရင်လိုမဟုတ်တော့ပဲဆရာ့ကိုဂရုစိုက်ပေးရှာတယ်။

"အတာ ရဲ့​ ဦး"​ Where stories live. Discover now