အခန်း(4)

58 0 0
                                    

"ဘာလိုလိုနဲ့သကြင်္န်တောင်ရောက်တော့မှာလား"​

"ဟုတ်တယ်ဆရာရေ  ဒီနှစ်သကြင်္န်ရော တရားစခန်းဝင်ဦးမှာလား စာရင်းပေးထားတော့တွေ့တယ်"​

"အခြေနေအရပဲ"

"ဘာအခြေအနေအရလဲဆရာ"​

"မင်းတအားစပ်စုတာပဲ   ပိတောက်တွေတောင်ဖူးနေပြီပဲ  ပွင့်ရင်ဘုရားအရင်ကပ်လိုက်ဦး ပြီးမှမင်းပေးချင်တဲ့ကောင်မလေးကိုပေး  ကြားလား"

"​ဟာ​ ဆရာကလည်း​ဗျာ​ "

"​ကဲငါဆေးရံုသွားတော့မယ်"

"​ဆရာဟိုဘက်ခြံကလူတွေကဒီိနေ့အစောကြီးကိုတအိမ်လုံးထွက်သွားကြတာတွေ့တယ်​ ဟိုဆရာရဲ့ကလေးလေးလည်းပါသွားတယ်"

"​မင်းကိုဘယ်သူကမေးနေလို့လည်း  သူများအကြောင်းတွေငါစိတ်မဝင်စားဘူး  ပြီးတော့ဘယ်သူကငါ့ကလေးလေးလဲ"

"​မသိဘူးလေ  ဆရာကဟိုဘက်ခြံဘက်ကိုပဲကြည့်ကြည့်နေတော့  ကျွန်တော်ကအလိုက်တသိနဲ့ပြောပြတာပါ  ဆရာ့ကလေးလေးဆိုတာကလည်း  ဆရာကိုဆန်ပြုတ်ခွံ   ဆန်ပြုတ်လာပို့တဲ့  ဆရာကြည့်နေကြကလေးလေးကိုပြောတာလေ"

"​မင်း​ဘာတွေလာပြော နေတာလည်း  သွားကားသွားထုတ်ထား  အဟမ်း"
'ဒါလေးပြောတာကိုဆရာရှက်သွားလိုက်တာများ  မျက်နှာကြီးကိုရဲလို့ ဟွန်းတက်လည်းတက်နိုင်တယ်'​

"​ကားသွားထုတ်ဆိုတာကိုအဲ့မှာဘာရပ်လုပ်နေတာလည်း"

"​ခုပဲထုတ်လိုက်ပါ့မယ်"

ပြောလည်းပြောချင်စရာပါဆက်ပိုင်တစ်ယောက်ဟိုဘက်ခြံကိုမကြည့်ရမနေနိုင်ဆိုသလိုပဲ တနေ့တနေ့ကြည့်ရတာအမော ခုလိုမြင့်သန်းပြောလိုက်တော့မှ ရှက်ပြီးထွက်သွားတာလေ

သကြင်္န်ကြဖို့(၅)ရက်အလို

"မမ​ဟိုဘက်ခြံကပိတောက်ပင်ကြီးပန်းတွေပွင့်နေပြီလေ  သွားခူးရအောင်  စံပယ်လေးရောယူမယ်မလား"​

"ဟုတ်ကဲ့ကိုကို"​

"ခူးလို့မရတော့ဘူး  အရင်တုန်းကလိုမဟုတ်ဘူး အဲ့ဘက်ကကပ်စီးကုပ်လူကြီးကလေ သူရောက်လာပြီးကတည်းက မမတို့ခြံဘက်ကိုင်းကျနေတဲ့ပိတောက်ကိုင်းတွေအကုန်ခုတ်ပစ်လိုက်တာ​ အရင်လိုခူးလို့မရတော့ဘူး"

"အတာ ရဲ့​ ဦး"​ Onde histórias criam vida. Descubra agora