8

20 1 0
                                    

- Fall for His Majesty -

Ch - 8

1)

" မင်းသခင်မလေးကို အိမ်ရှေ့စံနဲ့လက်ထပ်ပေးဖို့စီစဥ်ထားတယ် "

ဟူသော နယ်စားမင်း၏စကားကို Castiel တစ်ယောက် ယခုမှသိရဟန်ဆောင်ကာ နယ်စားမင်းအားကြည့်လိုက်မိသည် ။ နယ်စားမင်းက အဝေးတစ်နေရာသို့ ခပ်ငေးငေးကြည့်ကာ

" မင်းလည်းသိတဲ့အတိုင်း ဒီဘက်ပိုင်းတွေမှာ အခြေအနေတွေကတည်ငြိမ်တာမဟုတ်ဘူး ... ငါ့ကိုနည်းပေါင်းစုံနဲ့ဖြုတ်ချပြီး မင်းကြီးကိုပုန်ကန်ဖို့စိတ်ကူးနေကြတဲ့လူတွေချည်းပဲ ... ဒီလိုစိတ်မချရတဲ့နေရာမျိုးမှာ သမီးလေးကိုရှိမနေစေချင်ဘူး "

ဟု ပြောသည် ။ နယ်စားမင်း၏စိတ်ကိုသိသော်လည်း လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေရသည်ကို ကြိုက်နှစ်သက်သော သခင်မလေးတစ်ယောက် နန်းတော်ထဲတွင် အူလည်လည်နှင့် စိတ်ညစ်နေရမည့်အရေးကိုတွေးမိကာ စိတ်မောရသည် ။

သို့သော် ....
နယ်စားမင်းကို အထွန့်တက်၍မရသလို တက်ရန်လည်းမဝံ့သောကြောင့်

" နယ်စားမင်းစကားကို သခင်မလေးကလက်ခံမှာပါ "

ဟု ပြောလိုက်သည် ။

2)

" အရှင့်သား တကယ်ပဲအနားယူဖို့စိတ်ကူးမရှိတော့ဘူးလား "

ဟူသောစကားကို Garth က ထပ်၍ပြောလာသဖြင့် Dean ဖတ်လက်စစာအုပ်ကိုပိတ်လိုက်ပြီး

" မင်းတို့ကိုအားကိုးလို့မရမှတော့ ကိုယ့်အားကိုယ်ကိုးရတော့မှာပေါ့ "

ဟု ပြောကာ မတ်တပ်ထရပ်လိုက်သည် ။ Garth က မိမိ၏လှုပ်ရှားမှုများကို မျက်တောင်မခတ်ပဲလိုက်ကြည့်နေပြီး မတ်တပ်ထရပ်လိုက်သောအခါမှ

" အခုက ဘယ်ကိုပါလဲ အရှင့်သား "

ဟု မေးသည် ။ ထို့ကြောင့် Garth ကို မျက်မှောင်ကြုတ်၍ကြည့်လိုက်ပြီး

" Charlie ဆီကို "

ဟု ပြောကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည် ။ Garth ကလည်း

" ကျွန်တော်မျိုးလည်းလိုက်မယ်လေ "

ဟု ပြောကာ အနောက်မှလိုက်လာသဖြင့် Charlie ထံသို့ Garth ကိုပါခေါ်၍ ထွက်လာခဲ့လိုက်သည် ။

- Fall for His Majesty -(16)Where stories live. Discover now