23

24 1 0
                                    

- Fall for His Majesty -

Ch - 23

1).

"အိမ်ရှေ့စံရယ် ဘယ်လိုဖြစ်ရတာလဲ ... ကျွန်တော်မျိုးဖြင့် လန့်သွားတာပဲ"

Benny နှင့်အတူပါလာသည့် ပိန်ပိန်ပါးပါးနှင့် ကြိုးကြာငှက်လိုလူက စိုးရိမ်တကြီးပြောနေသည်ကို Castiel ရပ်ကြည့်နေမိသည်။ Benny က

"သတိရတာနဲ့ အတော်ပဲ ... ဆေးလိမ်းရမယ် ... အခု ဘယ်နားဘယ်လိုနေလဲ အရှင့်သား ... သမားတော်ကြီးကို သွားပြန်ပင့်လိုက်မယ် ... Garth!"

"အာ ... ဟုတ်ကဲ့ ... သွားပင့်လာခဲ့မယ်"

"မင်းတို့ ... ခဏငြိမ်ပေးစမ်း"

ထိုအခါမှ ပျာယာခတ်နေသည့်နှစ်ဦး ငြိမ်ကျသွားချိန်

"ဘုရင်မင်းမြတ် ကြွလာပါတယ်"

ဘုရင် John ဟူသောအသံကြောင့် Benny တို့နှစ်ဦး ဘေးကပ်သွား၏။ Castiel လည်း အခန်းထောင့်တွင်ရပ်နေလိုက်သည်။ အိမ်ရှေ့စံ Dean က ဖြည်းဖြည်းချင်းထထိုင်ရန်ပြင်စဉ်

"အဆင်မပြေရင် မထနဲ့လေ"

ခပ်ဩဩအသံနှင့်အတူ နူးညံ့မှုတို့အနည်းငယ်ရောယှက်သည့် စကားတစ်ခွန်းတွင် အခန်းတွင်းရှိနေသူအားလုံး ဦးညွတ်လိုက်ကြသည်။ သမားတော်ကြီးနှင့် ဘုရင့်ကိုယ်ရံတော်သည်လည်း နောက်နားတွင်ပါလာ၍ Castiel အပြင်သို့သာ တိတ်တဆိတ်ထွက်လာခဲ့၏။ 

Meg ၏အဆောင်တော်သို့ Castiel ပြန်ရောက်သည့်အခါ Meg ၏ မေးခွန်းအကြည့်တို့ကြောင့်

"အိမ်ရှေ့စံ ပြန်သတိရလာပါပြီ ... ဘုရင်လည်းကြွလာတယ်"

"သတိရလာလို့ တော်သေးတာပေါ့"

2).

သူ၏ခမည်းတော်ကြွလာချိန် အခန်းထဲတွင်လူရှုပ်သွားစဉ်ကတည်းက Castiel ထွက်သွားသည်ကို Dean သတိပြုမိသည်။ သတိရလျှင်ရချင်း အနားတွင်ရှိနေသည်ကို မြင်ရစဉ်ကလည်း စောင့်နေပေးသူကိုမေးရန်မေးခွန်းက အခြားမရှိ၍ Meg Masters ကိုခေါင်းစဉ်တပ်မိသည့်အခါ Dean ၏ဆုံးဖြတ်ချက်မှန်သွားခဲ့သည်ကို Castiel ၏ကျေနပ်ပြုံးက သက်သေခံ၏။

"မသိရင် သူ့သမီး လင်ကောင်းသားကောင်းရတာကျလို့"

"အရှင့်သား ... ဘာမိန့်လိုက်တာလဲ"

- Fall for His Majesty -(16)Where stories live. Discover now