31

17 1 0
                                    

- Fall for His Majesty -

31.

1)

"ပိုးစုန်းကြူး ... လိပ်ပြာ ... နောက်ဆို ကျီးကန်းတွေ ဗျိုင်းတွေပါ ပါလာတော့မယ်ထင်တယ်"

Lisa ၏အထိန်းတော်မှာ ထိုသတင်းများကို အများဆုံးကြားနေရသူဖြစ်လာ၍ Meg ကို အမြင်မကြည်ဖြစ်လာလေသည်။ ထိုသို့ဖြစ်စေသည့်အဓိကတရားခံကို မည်သူမျှသတိမပြုမိပေ။ 

"အထိန်းတော်ကြီး ဘာတွေဖြစ်နေတာလဲ ... သွားမယ်လေ"

Charlie ဖိတ်ထား၍ထွက်လာသည့် Lisa မှာ Charlie ၏အဆောင်တော်သို့ရောက်လျှင် ရံရွေတော်များအလုပ်များနေသည်ကို တွေ့ရလေသည်။

Charlie မှာထားသည့်အတိုင်း အဆောင်နောက်ဘက်သို့ Lisa လာခဲ့ရာ နောက်ဘက်မြေကွက်လပ်ကျယ်တွင် Charlie ကို ထင်းချောင်းများနှင့်အတူ တွေ့လိုက်ရသည်။

"မင်းသမီးလေး"

Lisa ၏ခေါ်သံကြောင့် Charlie လှည့်ကြည့်လာပြီး

"မင်းသမီးရောက်လာပြီ ... အမ်း ... ဒီမှာခဏထိုင်ပါဦး"

ထိုင်ခုံငယ်တစ်လုံးကိုဆွဲယူ၍ Lisa ကိုထိုင်စေသည့် Charlie ကို

"ဘာလုပ်နေတာလဲဟင်"

"အသားကင်စားဖို့လေ"

"အသားကင်"

"ဟုတ်တယ် မင်းသမီးရဲ့ ... တစ်ခါတလေကျတော့ ကိုယ်တိုင်ကင်စားရတာ ပိုကောင်းတယ်"

"အဲဒီလိုလား"

"အဲဒါကြောင့် အခု မီးမွှေးမလို့"

"မင်းသမီးလေး ... ကျွန်မ နောက်ကျသွားလား"

နောက်ကျောဘက်မှအသံကြောင့် Lisa လှည့်ကြည့်သည့်အခါ Meg ကို တွေ့လိုက်ရ၏။ Meg ကလည်း Lisa ကိုမြင်သွား၍ ကိုယ်ကိုအနည်းငယ်ညွတ်ကိုင်းပြီး နှုတ်ဆက်လာလေသည်။

"မင်းသမီး Lisa"

"Meg"

"မင်းသမီးတောင် ရောက်နေပြီ ... ကျွန်တော်မျိုးမ နောက်ကျသွားတယ်"

"အေးလေ ... အေးလေ ... နောက်ကျနေပြီ"

Charlie ၏အသံကြောင့် Meg ရယ်လိုက်ပြီး

"Castiel ... Tracy ... ယူလာတာတွေပြင်ဖို့လုပ်လေ"

Meg ၏နောက်မှပါလာသည့် Castiel နှင့် Tracy က မလှမ်းမကမ်းမှသစ်သားစားပွဲတွင် သယ်လာသည်တို့ကိုတင်လိုက်၏။ Charlie ၏ရံရွေတော်တို့ကလည်း ထိုစားပွဲကျယ်ကြီးပေါ်သို့ ဗန်းများတစ်ခုပြီးတစ်ခု လာရောက်ပို့ဆောင်ကြလေသည်။ Castiel သယ်လာသည့် အတော်အတန်ကြီးသည့်ဗန်းမှအုပ်ဆောင်းအား Tracy ဖွင့်လိုက်သည့်အခါ

- Fall for His Majesty -(16)Where stories live. Discover now