34.

20 1 0
                                    

- Fall for His Majesty -

34.

1)

Castiel သခင်မလေးဆက်ပြောမည့်စကားများကို မကြားဝံ့သောကြောင့် သခင်မလေးရှိနေသည့်နေရာမှ ထွက်ပြေးခဲ့သော်လည်း သခင်မလေးက မိမိထွက်ပြေးသွားသည်ကို သိသွားပြီး အနောက်မှလိုက်လာသည် ။ မျက်ခြည်ပြတ်သွားစေရန်ရည်ရွယ်ကာ တောအုပ်ထဲသို့ဝင်ပြေးလာခဲ့သော်လည်း တောအုပ်ထဲအထိလိုက်လာပြီး

" Castiel ..... ရှင်ရှိနေတာ ကျွန်မသိတယ် ..... ရှင်ကျွန်မကို အသက်ရှင်ရက် ထပ်မြင်ချင်သေးတယ်ဆိုရင် အခုချက်ချင်းထွက်လာခဲ့ "

ဟု ခြိမ်းခြောက်စကားဆိုနေပြန်သည် ။ သခင်မလေးက ပြောလျှင်ပြောသလိုလုပ်လေ့ရှိသည်ကိုသိသောကြောင့် ပုန်းအောင်နေရာမှထွက်လိုက်ရန် စိတ်ကူးမိသော်လည်း သခင်မလေး၏နှုတ်မှထွက်လာမည့်စကားများကိုနားထောင်ရန် အင်အားမရှိ ။ သခင်မလေးကမူ မိမိဤသို့အကြပ်ရိုက်နေသည်ကို သိဟန်မတူ ။

" Castiel ..... ကျွန်မသုံးအထိရေပြီးလို့မှ ရှင်ထွက်မလာရင် ကျွန်မတို့နောက်ဘဝမှတွေ့ဆုံကြတာပေါ့ "

ဟု ပြောသည် ။ ထို့ကြောင့် သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး ပုန်းအောင်းနေသည့်သစ်ပင်ကြီးအနောက်မှ ထွက်လိုက်ကာ မိမိအားကျောခိုင်းထားသည့် သခင်မလေးကို

" သခင်မလေး "

ဟု ခေါ်လိုက်သည် ။ ဤသို့ခေါ်လိုက်သည်နှင့် သခင်မလေးက မိမိဘက်သို့လှည့်ကြည့်သည် ။ ထို့နောက်

" Castiel "

ဟု ခေါ်ကာ လက်ထဲမှဓားကိုပစ်ချပြီး မိမိထံသို့ ပြေးလာသည် ။

2)

Sam တစ်ယောက် Adam က တဂျီဂျီလုပ်နေသောကြောင့် ယနေ့မနက်မှ Adam ထံသို့သွားကာ Adam ၏ ဆန္ဒအတိုင်း ဘောလုံးကန်ရန် တောအုပ်ဆီသို့ အခြွေအရံများနှင့် ထွက်လာခဲ့လိုက်သည် ။ ဘောလုံးကန်ရန်အစပျိုးသူမှာ Adam ပင် ဖြစ်သော်လည်း တကယ်တမ်းကန်ရသူမှာ မိမိဖြစ်သည် ။ ထို့ကြောင့် တစ်မနက်လုံး Adam က ဂိုးဖမ်းလိုက် မိမိကဘောလုံးကန်လိုက်နှင့် နှစ်ယောက်သား သံသရာလည်နေကြသည် ။ ထိုစဉ် တောအုပ်ရှိရာဆီသို့ပြေးလာသော Meg နှင့် Castiel ကို မမျှော်လင့်ပဲ တွေ့လိုက်ရသည် ။ ယခင်တစ်ခေါက်ကကဲ့သို့ ပိုးစုန်းကြူးလိုက်ဖမ်းနေကြခြင်းလောဟု တွေးမိသော်လည်း မနက်ခင်းတွင် မည်သည့်ပိုးစုန်းကြူးမှမထွက်သလို Castiel ၏ ပုံစံက တစ်စုံတစ်ရာထံမှ လွတ်မြောက်အောင်ထွက်ပြေးနေဟန်တူသောကြောင့် စိတ်ဝင်စားသွားမိသည် ။ ဤအခြေအနေကို စိတ်ဝင်စား၍ စပ်စုရန်ဟန်ပြင်နေစဉ်မှာပင် Meg က ရောက်လာပြန်သည် ။ တောအုပ်အတွင်း၌ရှိနေသော မိမိတို့အဖွဲ့ကို မြင်ဟန်မတူပဲ Castiel အနောက်သို့ ပြေးလိုက်သွားသဖြင့် ယခင်ကတည်းက မိမိ၏စိတ်ထဲတွင် ရှိနေသောသံသယက ပြန်လည်၍နိုးထလာသည် ။ ထို့ကြောင့် ဘောလုံးကန်ခြင်းကိုခတ္တရပ်နား၍ တောအုပ်အတွင်းပိုင်းသို့ ဝင်လာခဲ့လိုက်သည် ။ ထိုအခါ Castiel ကို တင်းကြပ်အောင်ဖက်ထားသော Meg ကို တွေ့လိုက်ရသည် ။ မျှော်လင့်မထားသောဤမြင်ကွင်းကို မြင်လိုက်ရ၍ အံ့သြနေမိစဉ် Meg က Castiel အား ဖက်ထားသည့်လက်ကို လွှတ်လိုက်ပြီး Castiel အား နမ်းသည် ။ အနမ်းခံလိုက်ရသောကြောင့် Castiel တစ်ယောက် ရုန်းကန်ကာ Meg နှင့် လူချင်းခွဲသွားမည်ဟု ထင်မိသော်လည်း တကယ်တမ်းတွင်မူ Meg နမ်းသည်ကို ငြိမ်သက်စွာခံနေသည် ။ ထို့ကြောင့် ဆက်၍ မသိဟန်မမြင်ဟန်ဆောင်မနေနိုင်တော့ပဲ

- Fall for His Majesty -(16)Where stories live. Discover now