9.

16 1 0
                                    

- Fall for His Majesty -

Ch - 9

1).

"Castiel, သခင်မလေးကို သွားခေါ်လိုက်ပါ ... ငါခေါ်ခိုင်းတာ မလာဘူး ... ဘာတွေစိတ်ကောက်ပြန်ပြီလဲမသိဘူး"

အသက်ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့အလွန် နောက်တစ်ရက်တွင် သခင်မလေး Meg တစ်ယောက် အခန်းတံခါးပိတ်ကာ စိတ်ကောက်နေသည်ဟူသည့်စကားက ခရီးမှပြန်လာသည့်နယ်စားမင်းကို လှပစွာဆီးကြိုနေခဲ့သည်။ ထိုစဉ်က Castiel မှာ အသက်နှစ်ဆယ့်တစ်နှစ်သာ ရှိသေးသည်။ နယ်စားမင်းသွားလေရာ တကောက်ကောက်ပါ၍ နယ်စားမင်းအအတွက်လည်း လွန်စွာမှအားကိုးလာရပြီဖြစ်သည်။

Meg ၏အခန်းရှေ့သို့ Castiel ရောက်သည့်အခါ အခန်းဝတွင်ရပ်နေသည့်အထိန်းတော်ကြီးမှာ စိတ်ညစ်ညူးနေဟန်ပင်။

"ဘာဖြစ်တာလဲ အထိန်းတော်ကြီး"

"Castiel. မောင်ရင်ရောက်လာတာအတော်ပဲကွယ် ... သခင်မလေးက ဘယ်သူ့ကိုမှ အခန်းထဲအဝင်မခံဘူး ... သူလည်း အပြင်မထွက်ဘူး ... ညကတော့ စိတ်ဆိုးပြီးသောင်းကျန်းနေတာပဲ ... အဲဒီတော့ ဘယ်သူမှလည်း အတင်းအကြပ်မလုပ်ရဲဘူးကွယ်"

"ဟုတ်ကဲ့"

Castiel တံခါးကိုခေါက်၍

"သခင်မလေး ... ကျွန်တော် Castiel ပါ ... နယ်စားမင်းက သခင်မလေးကို ခေါ်ခိုင်းလိုက်လို့ပါ"

မည်သည့်အသံကိုမျှမကြားရပေ။ ထို့ကြောင့် တံခါးကိုထပ်ခေါက်၍

"သခင်မလေးအတွက်ဆိုပြီး အဲဒီနယ်က ရှားပါးပန်းပင်မျိုးစိတ်ကို နယ်စားမင်းက သေချာရှာဝယ်လာပေးတာ ... ခရီးကဝေးတော့ အဲဒီအပင်ကို တော်တော်လေးဂရုတစိုက်သယ်လာရတယ် ... သခင်မလေးလာကြည့်မှဖြစ်မယ် ... တော်ကြာ အပင်သေသွားရင် နှမြောစရာကြီး ... ကျွန်တော်လည်း ဘာမှမလုပ်တတ်လို့"

သူတို့၏သခင်မလေး မမြင်နိုင်သော်လည်း အထိန်းတော်ကြီးကပါ ခေါင်းညိတ်နေမိသည်။ သို့သော် တုံ့ပြန်သံမရှိ။

"သခင်မလေး တံခါးဖွင့်မပေးရင် ကျွန်တော်တို့ အတင်းဖွင့်ဝင်လာရပါလိမ့်မယ်"

ဤစကားကိုကြားသည့်အခါတွင်တော့ ခေါင်းညိတ်ထောက်ခံနေသည့် အထိန်းတော်ကြီးမှာ Castiel ကိုလှမ်းကြည့်မိလေသည်။ စိတ်ဆိုးနေသည့်သခင်မလေး၏ အခန်းတံခါးကို ဖျက်ဝင်မည်ဆိုလျှင် ထိုသူထံ ဒေါသတို့ကပုံကျလာတော့မည်။ အထိန်းတော်ကြီးမှာ တွေးပူနေသော်လည်း Castiel ကတော့ တံခါးကို ပခုံးဖြင့်တိုက်ဖွင့်ရန်ပြင်နေလေပြီ။

- Fall for His Majesty -(16)Where stories live. Discover now