33

21 1 0
                                    

- Fall for His Majesty -

33.

1).

"Meg"

"အိမ်ရှေ့စံ"

"ဒီအချိန်ကြီး ဘာဖြစ်လို့လဲ Meg"

အခြေအနေတို့ကိုသိလျက်နှင့် Dean မေးနေခြင်းကြောင့် Meg မော့ကြည့်လိုက်ပြီး

"အိမ်ရှေ့စံက ကိုယ်ရံတော် Novak ကို ခေါ်သွားတယ်ဆိုလို့ ဘာအကြောင်းကိစ္စများအရေးကြီးလဲလို့ ကျွန်တော်မျိုးမ လိုက်လာတာပါ"

အခန်းရှေ့တွင်ဆုံကြသည်ဖြစ်၍ Dean က သူ၏နောက်မှပါလာသော Garth ကို အခန်းတွင်းဝင်ရန်အရိပ်အခြည်ပြသည့်အခါ Meg နောက်မှပါလာသည့် Tracy မှာလည်း ခပ်လှမ်းလှမ်းအထိ နောက်ဆုတ်သွားလေသည်။ ထိုအခါမှ Dean က

"ဒီကသခင်မလေးကရော ဘာတွေများအရေးကြီးကိစ္စရှိလို့ ဒီအထိလိုက်လာရတာလဲ"

"သူ့တာဝန်ချိန်မပြီးသေးခင် ကျွန်တော်မျိုးမကိုအသိမပေးဘဲ ထွက်သွားတာက တာဝန်လစ်ဟင်းတာပဲဆိုတော့ ဘာတွေများဖြစ်သလဲလို့သိချင်ရုံပါ အရှင့်သား ... Castiel က ဘယ်တုန်းကမှ ဒီလိုလုပ်တတ်တဲ့သူမျိုး မဟုတ်လို့ပါ"

အိမ်ရှေ့စံ၏အမေးစကားကိုဖြေပြီးနောက် Meg ဆက်၍တွေးသည်မှာ

'ရှင်ခေါ်ထုတ်မသွားရင် Castiel က အဲဒီနေရာမှာပဲ အခုချိန်အထိရှိနေရမှာလေ'

မျက်နှာအမူအရာရဲတင်းနေသည့် Meg ကြောင့် Dean စိတ်တွင် အလိုမကျဖြစ်လာရသည်။

"ဒီညရော နောက်နေ့ရော အခစားမဝင်နိုင်သေးဘူးလို့ အဆောင်တော်ရဲမက်တွေက ပြန်မပြောကြဘူးလား"

"ပြောကြပါတယ် အိမ်ရှေ့စံ ... ဘာကိစ္စများဖြစ်လို့ပါလဲ"

ဆက်တိုက်မေးနေသည့် Meg ကြောင့် Dean အော်ဟစ်ပစ်ချင်လာမိသည်။

'ဘာကိစ္စရှိရှိ ဒီလိုအချိန်မှာ မင်းက ဒီကိုရောက်နေစရာမရှိဘူး'

ထိုအတွေးတို့ကိုဆန့်ကျင်၍ စကားကိုထိန်းသိမ်းပြောဆိုနိုင်ရန် Dean ကြိုးစားလိုက်ပြီး

"စိတ်ပူစရာ ဘာကိစ္စမှမရှိပါဘူး ... နောက်နေ့အတွက် Ash ကို လွှတ်ပေးလိုက်မယ်"

- Fall for His Majesty -(16)Tahanan ng mga kuwento. Tumuklas ngayon