52

66 5 0
                                    

- Fall for His Majesty -

52.

1)

" Cas "

" Castiel ငါ့အသံကိုကြားရလား "

ဟူသော Balthazar ၏ အသံကြောင့် Castiel တစ်ယောက် အသိစိတ်နှင့်ခန္ဓာကိုယ် ပြန်တွဲမိသွားပြီး လေးကန်နေသောမျက်လုံးများကို ဖွင့်လိုက်သည် ။ ထိုအခါ မိမိအား စိုးရိမ်တကြီးဖြင့် ကြည့်နေကြသော Balthazar နှင့် နန်းတွင်းသမားတော်ကြီးကို တွေ့ရသည် ။

သို့သော် ...
ကြာကြာတွေ့ရသည်တော့မဟုတ် ။ မျက်လုံးတစ်ဖက်က ဝေဝါးလာပြီး နားတစ်ဖက်ကလည်း အူလာကာ ခန္ဓာကိုယ်တစ်ခုလုံးကို အပ်ပေါင်းမြောက်မြားစွာနှင့် ထိုးဆွနေသကဲ့သို့ ခံစားရသောကြောင့် Balthazar ကို

" အင်း "

တစ်ခွန်းသာပြန်တုံ့ပြန်လိုက်ပြီး လွတ်ချင်နေသောအသိစိတ်များကို ပြန်လွှတ်ပေးလိုက်သည် ။ ဤသို့ အသိစိတ်လွတ်သွားသည်နှင့် နန်းဆောင်ထဲတွင်ရှိနေမည့် Dean ထံသို့ အာရုံက ချက်ချင်းရောက်သွားသဖြင့် 

" Dean "

ဟု ခပ်တိုးတိုးခေါ်လိုက်သည် ။ 

2)

" Dean "

တစ်ယောက်တည်းရှိနေသည့်အခန်းထဲတွင် ထိုအသံကို ကြားလိုက်ရသဖြင့် Dean ထိတ်လန့်သွားကာ ခန္ဓာကိုယ်ကို မတ်လိုက်မိသည် ။ ထို့နောက် နန်းတော်သို့ Benny ပြန်ရောက်လာသည့်နေ့ကတည်းက ယနေ့အထိ Benny နှင့်အတူ ပါလာသည့် Castiel အား သွားမကြည့်ရသေးသည့်အကြောင်းကိုပါ တွေးလိုက်မိသည် ။ Castiel ဟူသော အမည်နာမကိုကြားလိုက်ရုံနှင့် လက်ဝဲဘက်ရင်ဘတ်နေရာက နာကျင်လာရပြီး မေ့ထားပစ်လိုသည့်စကားများကို ပြန်ကြားယောင်မိသောကြောင့် Castiel ကို လျစ်လျူရှုထားခဲ့သော်လည်း ယခုမှ ရုတ်တရက်ဆိုသလို မနေနိုင် မထိုင်နိုင်ဖြစ်လာရပြန်သည် ။ ထို့ကြောင့် အခန်းဝတွင်ရှိနေမည့် Garth ကို

" Garth "

ဟု လှမ်းခေါ်လိုက်သည် ။ 

သို့သော် ....
Garth ၏ တုံ့ပြန်သံအစား

" ရှင်ဘယ်အချိန်အထိ အခုလိုအခန်းထဲမှာပဲပုန်းနေမှာလဲ Dean Winchester "

- Fall for His Majesty -(16)Where stories live. Discover now