၃
ချက်ချ့်ကျောင်းကအပြန်မှာ မက်သရူးဟာ သိသိသာသာကို တိတ်ဆိတ်လို့နေသည်။ သူတို့အစီအစဉ်အတိုင်း ပန်းခင်းတွေနဲ့စိုက်ခင်းတွေဆီ သွားရမည်ဖြစ်သည်။ ပန်းစိုက်ခင်းတွေကော ချက်ချ့်ကျောင်းကပါ မြို့အစွန်တွင်ရှိသည်မလို့ သူတို့စက်ဘီးထားခဲ့ပြီး လမ်းလျှောက်ကြရန်သာ စိတ်ကူးလိုက်သည်။
၃မိနစ်သာသာလောက် လမ်းလျှောက်ပြီးသောအခါ ပထမဆုံးအနေနဲ့ စပျစ်ခင်းများကိုတွေ့ရသည်။ ယူဂျင်းကတော့ စကားများတတွတ်တွတ်ပြောလာသည်ကိုတော့ မက်သရူးသိသည်။ သို့သော် ယူဂျင်းစကားများက နားထဲဝင်တချက် မဝင်တချက်သာ။ ဆောင်းဟန်ဘင်းသည် တကယ်ပဲ ထိုဂျပန်တော်လှန်ရေးသမား ဟုတ်သလား မဟုတ်သလားကို ဝေခွဲမရဖြစ်နေတုန်းကြောင့်ဖြစ်သည်။ သို့ပေမယ့် ထိုနက်မှောင်တောက်ပနေသော မျက်ဝန်းများကို သေချာမှတ်မိသည်။ ပင်လယ်ရေပြင်ကဲ့သို့ ကြည်ပြာရီဝေနေတတ်သော မျက်ဝန်းများက မက်သရူးအသိထဲ စွဲနေခဲ့တာလည်းပါသည်။
တကယ်ပဲ ထိုလူဆို လက်ဖျံမှာ ဒဏ်ရာတော့ရှိနေဦးမှာပင်။ ဆောင်းဟန်ဘင်းက လက်ရှည်အင်္ကျီဝတ်ထားတာကြောင့်လည်း မက်သရူးအနေနဲ့ အတည်ပြုကြည့်ဖို့လည်း မတတ်နိုင်ပေ။
လမ်းလျှောက်ရင်းလျှောက်ရင်းဖြင့် စပျစ်ခြံကြီးကိုကျော်လာသောအခါ မက်သရူးသတိထားမိသွားသည်မှာ အဝါရောင်ဒေလီယာပန်းများပင်။ မက်သရူးမျက်လုံးထဲ ဒေလီယာပန်းများကသာကြီးစိုးသွားသည်။ နှုတ်ခမ်းနှစ်လွှာကလည်း ပျော်ရွှင်ကြည်နူးမှုကြောင့် ကော့တက်လာသည်ဟုထင်ရသည်။
"အာ အစ်ကိုမေ့နေလို့ စပျစ်ခြံကအလုပ်သမားတွေဆီကလေ ပိုက်ဆံသွားကောက်ပေးပါလား။ ဝိုင်ဖိုး အစ်ကိုဟန်ဘင်းကောက်ခိုင်းလိုက်တာ လို့သာပြောလိုက်။ ပြီးတော့ အဲ့ပိုက်ဆံထဲကပဲ ဟိုးနားက မုန့်ဆိုင်မှာ ကြိုက်တာဝယ်စားခဲ့လို့ရတယ် ယူဂျင်း။ ဂရူဘင်းကိုပါခေါ်သွားလိုက်လေနော်"
ယူဂျင်းမှာ အစ်ကိုဟန်ဘင်းရဲ့ ရုတ်တရက်ဆန်သော ခိုင်းစေမှုကြောင့် အံ့ပင်ဩသွားရသည်။ အစ်ကိုဟန်ဘင်းနှင့်ယူဂျင်း ခင်မင်သည်မှန်သောလည်း အစ်ကိုဟန်ဘင်းမှာ သူတို့ကိုဘယ်တုန်းကမှ အလုပ်နှင့်ပတ်သတ်၍ မခိုင်းဖူးပါ၊ သို့သော် ယခုတော့ အစ်ကိုဟန်ဘင်းက တစ်ခုခုကိုအလျင်စလို အလိုရှိနေဟန်လည်းပေါ်တာကြောင့်ရော၊ မုန့်ဝယ်ကျွေးမည်ဟူသော သဘောတူချက်ကြောင့်ရော ယူဂျင်း ဂရူဘင်းလက်ကိုဆွဲကာ စပျစ်ခြံဘက် ပြန်လျှောက်လိုက်သည်။
ŞİMDİ OKUDUĞUN
Apocalypse
Romantizm"မက်ချူးသိလား မင်းရဲ့ အပြုံးတွေကလေ အခု အစ်ကိုတို့ပုံမှန်မြင်နေကျ နေရောင်ခြည်တွေထက်တောင်လှတာ။ တိတိကျကျပြောရရင် မိုးတွေသည်းကြီးမည်းကြီးရွာပြီးမှ သက်တံ့နဲ့အတူ ဖြာကျလာတဲ့ နေရောင်ခြည်နုနုလေးလို ကြည်နူးဓာတ်ပါတဲ့ အပြုံးမျိုးကွ" "ဟုတ်လား၊ အဲ့ဒါဆိုတော့ အဲ့သက...